Miss World ပြိုင်ပွဲ၏ Activities များတွင် မြန်မာအလှမယ် အိကျော့ခိုင် ပါဝင်လှုပ်ရှားလျက်ရှိပြီး နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

Miss World ပြိုင်ပွဲ၏ Activities များတွင် မြန်မာအလှမယ် အိကျော့ခိုင် ပါဝင်လှုပ်ရှားလျက်ရှိပြီး နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်
Published 27 October 2017

Miss World ပြိုင်ပွဲ၏ Activities များတွင် မြန်မာအလှမယ် အိကျော့ခိုင် ပါဝင်လှုပ်ရှားလျက်ရှိပြီး နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ Miss World ပြိုင်ပွဲကို တရုတ်နိုင်ငံ Sanya မြို့တွင် ပြုလုပ်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှ အလှမယ်များပါဝင် ယှဉ်ပြိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာကိုယ်စားပြု အလှမယ်အနေနဲ့ ရွေးချယ်ခံရပြီးကတည်းက လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ Body၊ Beauty၊ Brain သုံးခုလုံးအတွက် စနစ်တကျ ပြင်ဆင်ပါတယ်။ ဒီပြိုင်ပွဲမှာက အလှမယ်တစ်ယောက်ရဲ့ အရည်အချင်းတွေတင်မကဘဲ အဘက်ဘက်က ပြည့်စုံသူတစ်ယောက် အနေနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပရဟိတလှုပ်ရှားမှုတွေ၊ အားကစားယှဉ်ပြိုင်မှုတွေ၊ Talent ယှဉ်ပြိုင်မှုတွေ အတွက်လည်း အချိန်ပေးပြီး လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ အထွေထွေ ဗဟုသုတပိုင်းဆိုင်ရာ အတွက်လည်း လေ့ကျင့် ပြင်ဆင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ အရေးပါတဲ့ ယှဉ်ပြိုင်မှုတစ်ခုဖြစ်တဲ့ Beauty with a Purpose အတွက်တော့ ကလေးငယ်တွေရဲ့ ပညာရေး လိုအပ်ချက် အကြောင်းအရာတွေကို တင်ပြယှဉ်ပြိုင်သွားမှာပါ။ မြန်မာကိုယ်စားပြုအလှမယ် တစ်ယောက်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ယှဉ်ပြိုင်သွားမှာဖြစ်လို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု အလှမယ် အိကျော့ခိုင်က ဆိုသည်။

အလှမယ် အိကျော့ခိုင်သည် အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ နိုင်ငံတကာမှ ပြိုင်ပွဲဝင်အလှမယ်များနှင့်အတူ Activities များအား လုပ်ဆောင်ရမည်ဖြစ်ကာ နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဟု သိရသည်။ Miss World 2017 နောက်ဆုံးအဆင့်ပြိုင်ပွဲကို Channel-7 ရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Miss World ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်များအဖြစ် အလှမယ်ဝိုင်းလေး၊ ခင်ရတနာသိန်းမြင့်၊ Bella တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် အလှမယ် အိကျော့ခိုင်က ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent