အကယ်ဒမီမင်းမော်ကွန်း ပါဝင်သည့် မြေပဲယိုအဖွဲ့၏ One Band Show သြဂုတ် ၄ ရက်တွင် Yangon Yangon Bar ၌ ပြုလုပ်မည်

အကယ်ဒမီမင်းမော်ကွန်း ပါဝင်သည့် မြေပဲယိုအဖွဲ့၏ One Band Show သြဂုတ် ၄ ရက်တွင် Yangon Yangon Bar ၌ ပြုလုပ်မည်
Published 31 July 2017

မင်းမော်ကွန်းပါဝင်သည့် မြေပဲယိုအဖွဲ့သားများ

အကယ်ဒမီ မင်းမော်ကွန်းပါဝင်သည့် မြေပဲယိုအဖွဲ့၏ One Band Show ကို သြဂုတ် ၄ ရက်တွင် Yangon Yangon Bar ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြေပဲယိုအဖွဲ့က တေးသီချင်း အဟောင်းအသစ်များစွာဖြင့် ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြေပဲယိုအဖွဲ့ရဲ့ ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ မြေပဲယိုအဖွဲ့ရဲ့ One Band Show ကို သြဂုတ် ၄ ရက်မှာ ရန်ကုန်မြို့ ဆာကူရာတာဝါက Yangon Yangon Bar မှာလုပ်ဖို့ ရှိပါတယ်။ မြေပဲယိုအဖွဲ့ကို အားပေးကြတဲ့ ပရိသတ်အားလုံးကို လာစေချင်ပါတယ်။ ကျွန်တော်တို့သီချင်း အသစ်အဟောင်းများစွာနဲ့ သီဆိုဖျော်ဖြေကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့မြေပဲယိုအဖွဲ့သားတွေနဲ့အတူပါ ဝင်ဆင်နွဲှကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီပွဲအတွက် စိတ်လှုပ်ရှားရသလို အများကြီးလည်း ပြင်ဆင်ထားပါတယ်။ သီချင်းတွေလည်း အများကြီးတိုက်ထားတယ်။ ဒါကြောင့် ပရိသတ်တွေ ကျေနပ်အားရမယ့် ဖျော်ဖြေပွဲ တစ်ပွဲဖြစ်မှာပါ” ဟု သရုပ်ဆောင်တေးသံရှင် မင်းမော်ကွန်းက ဆိုသည်။

အကယ်ဒမီ မင်းမော်ကွန်းနှင့် အဖွဲ့သားများပါဝင်သည့် မြေပဲယိုအဖွဲ့သည် ‘မူကြို’ ဟု အမည်ပေးထားသည့် တေးအယ်လ်ဘမ်အား ထွက်ရှိခဲ့ရာ၌ ပရိသတ်လက်ခံအားပေးမှု အများအပြား ရရှိခဲ့သည်။ ထို့နောက်တေးသံရှင်ကျော်သူစိုးနှင့် အကယ်ဒမီတေးသံရှင် မင်းမော်ကွန်းတို့တွဲဖက်ကာ ‘ရေနွေးကြမ်းနှင့် မြေပဲယို’ တေးစီးရီးကို ထပ်မံထွက်ရှိခဲ့ကြောင်း သိရသည်။ တေးသံရှင်မင်းမော်ကွန်းသည် ‘အရုပ်ဆိုင်’ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်တေးစီးရီး တစ်ခွေကိုလည်း ထွက်ရှိခဲ့ကာ ယင်းတေးစီးရီးကိုလည်း ပရိသတ်နှစ်သက် အားပေးခဲ့ကာ One Band Show ကို သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Most Read

Most Recent