နိုင်ငံတကာ၌ ပြသအောင်မြင်နေသည့် Spider- Man Homecoming ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံတင်ပြသ

နိုင်ငံတကာ၌ ပြသအောင်မြင်နေသည့် Spider- Man Homecoming ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံတင်ပြသ
Published 28 July 2017

နိုင်ငံတကာ၌ ပြသအောင်မြင်နေသည့် Spider- Man Homecoming ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၄ ရက်မှစတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်နက် ရုံတင်ပြသလျက်ရှိသည်။

ကမ္ဘာကျော် စူပါဟီးရိုးဇာတ်ကောင်ဖြစ်သည့် Spider – Man ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဇူလိုင် ၇ ရက်တွင် စတင်ပြသခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ စတင်ပြသခဲ့သည့် ရက်သတ္တပတ်မှာပင် လက်မှတ်ရောင်းချရမှုမှ ဒေါ်လာ ၁၁၇ သန်းကျော်ရရှိခဲ့ပြီး မြောက်အမေရိက လက်မှတ်ရောင်းချရမှု ဝင်ငွေစာရင်းတွင် ပထမနေရာ၌ ရပ်တည်ခဲ့သည်။

ပင့်ကူလူသားတစ်ဖြစ်လည်း လူငယ်လေး ပီတာသည် လူစွမ်းကောင်းများအချင်းချင်း အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် တိုက်ခိုက်မှုတွင် Iron –Man ၏ ခေါ်ဆောင်မှုဖြင့် အဆိုပါ တိုက်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

စွမ်းအားပြင်းလက်နက်များ တီထွင်ပြီး ဖောက်ထွင်းမှုများ ကျူးလွန်လျက်ရှိသလို ယင်းလက်နက်များကိုလည်း လိုက်လံရောင်းချနေသည့် တွမ်မီးတို့ ပင့်ကူလူသားက လိုက်လံအားတားဆီးရာမှ သင်္ဘောတစ်စင်းလုံး ပျက်စီးကာ ခရီးသည်အားလုံး အသက်အန္တရာယ်ကြုံရချိန်တွက် Iron – Man လာရောက် ကူညီခဲ့သည်။

ထို့နောက်တွင် ပင့်ကူလူသားလေး ပီတာအား အဆင်အခြင်မဲ့ လုပ်သည်ဆိုကာ ပင့်ကူလူသားဝတ်စုံအား သိမ်းယူသွားခဲ့သည်။ သို့သော် ပီတာတစ်ယောက် တွမ်မီးတို့အား ဇွဲမလျော့ဘဲ လိုက်လံတိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသည်များကို ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

အန်နီမေးရှင်ရုပ်ရှင် Spider- Man Homecoming (3D) ဇာတ်ကားကို ဒါရိုက်တာ Jon Watts ရိုက်ကူးပြီး Tom Holland , Michael Keaton , Robert Doeney Jr ,Zendaya , Jacob Batalon , Laura Harrier တို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ မြရတနာ၊ Mingalar Cineplex ၊ Junction City & Junction Square JCGV ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ Mingalar Diamond Cineplex ၊ JCGV Mandalay ရုပ်ရှင်ရုံများ၌ ဇူလိုင် ၁၄ ရက်မှစတင်ကာ ရုံတင်ပြသထားသည်။

Writer:
■ စုမှူးနိုင်

Most Read

Most Recent