The Battleship Island က ပွဲဦးထွက်ဖြန့်ချိမှု လက်မှတ်ရောင်းချမှုဝင်ငွေ၌ စံချိန်သစ်တင်ဖွယ်ရှိ

The Battleship Island က ပွဲဦးထွက်ဖြန့်ချိမှု လက်မှတ်ရောင်းချမှုဝင်ငွေ၌ စံချိန်သစ်တင်ဖွယ်ရှိ
Published 28 July 2017

ဒုတိယကမ္ဘာစစ်နောက်ခံ တောင်ကိုရီးယား ဇာတ်ကားသစ် The Battleship Island သည် ကြိုတင်လက်မှတ် ၆၀၀,၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး ပွဲဦးထွက်ဖြန့်ချိမှု လက်မှတ် ရောင်းချမှုဝင်ငွေတွင် စံချိန်သစ်တင်ဖွယ်ရှိသည်။

ကိုရီးယားရုပ်ရှင်ကောင်စီ၏ ထုတ်ပြန်ချက်အရ The Battleship Island ဇာတ်ကားအတွက် ဇူလိုင် ၂၆ ရက်အထိ ကြိုတင် လက်မှတ်စောင်ရေ ၅၉၄,၃၇၀ ရောင်းချခဲ့ရပြီး ယင်းအရေအတွက်သည် ယင်းနေ့တွင် ဖြန့်ချိမည့် ဇာတ်ကားကားလုံးအတွက် ကြိုတင်လက်မှတ်ဝယ်ယူမှုများ၏ ၇၀ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ဒါရိုက်တာ Ryoo Seung-wan ရိုက်ကူးပြီး ဆောင်ဂျွန်ကီ၊ ဆိုဂျီဆပ်နှင့် Hwang Jung-min တို့ အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် The Battleship Island ဇာတ်ကားသည် လက်ရှိ လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်နေသည့် Dunkirk ဇာတ်ကားကို ကျော်တက်ဖွယ်ရှိသည်။

ဂျပန်နိုင်ငံရှိ ဟာရှီမာကျွန်းတွင် ကျောက်မီးသွေးသတ္ထုတွင်း အလုပ်သမားများနှင့် လိင်ကျွန်များအဖြစ် ဖိအားပေးခိုင်းစေခံရသည့် တောင်ကိုရီးယားနိုင်ငံသား ၄၀၀ ခန့်က အသက်စွန့်စားပြီး ကျွန်းမှထွက်ပြေးရန် ကြိုးစားသည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားကို  ဇူလိုင် ၂၆ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

The Battleship Island ဇာတ်ကားသည် ကုန်ကျစရိတ်များစွာ အသုံးပြုထားသည့် တောင်ကိုရီးယားဇာတ်ကားတစ်ကားဖြစ်ပြီး စုစုပေါင်းဒေါ်လာ ၂၂ ဒသမ ၃ သန်း (ဝမ် ၂၅ ဘီလျံ) အသုံးပြုခဲ့ကြောင်း သိရသည်။

The Battleship Island ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ဥရောပရုပ်ရှင် ဈေးကွက်၌ ပထမဆုံးဈေးကွက် မြှင့်တင်ခဲ့ပြီး မေလက ကျင်းပသည့် ကိန်းရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့သည်။ ဇွန်လအထိ ယင်းဇာတ်ကားကို မြောက်အမေရိကနိုင်ငံများ၊ ပြင်သစ်၊ အီတလီ၊ ရုရှား၊ တူရကီ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်းအပါအဝင် နိုင်ငံ ၁၁၃ နိုင်ငံသို့ ရောင်းချခဲ့ကြောင်း သိရသည်။

Most Read

Most Recent