မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေး ပန်းချီပြပွဲ အမျိုးသားပြတိုက်တွင် ပြုလုပ်လျက်ရှိပြီး မြန်မာ၊ ဗီယက်နမ် ပန်းချီဆရာစုစုပေါင်း ၂၇ ဦး၏ ပန်းချီလက်ရာများ ပြသထား

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေး ပန်းချီပြပွဲ အမျိုးသားပြတိုက်တွင် ပြုလုပ်လျက်ရှိပြီး မြန်မာ၊ ဗီယက်နမ် ပန်းချီဆရာစုစုပေါင်း ၂၇ ဦး၏ ပန်းချီလက်ရာများ ပြသထား
Published 19 September 2017

 

ဗီယက်နမ် ပန်းချီဆရာများ၏ ပန်းချီလက်ရာအချို့အား တွေ့ရစဉ်

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေး ပန်းချီပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါပန်းချီပြပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပန်းချီဆရာစုစုပေါင်း ၂၇ ဦးတို့၏ ပန်းချီကား ၆၁ ကား ပြသထားကြောင်း သိရသည်။ ယင်းပြပွဲကို မြန်မာနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံမှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ဗီယက်နမ်နိုင်ငံမှ ပန်းချီကား ၃၈ ကားနှင့် မြန်မာနိုင်ငံမှ ပန်းချီကျော် လှမောင်၊ ပန်းချီ လှဘုန်းအောင်၊ ပန်းချီ အောင်သင်းဦး၊ ပန်းချီမောင်တင်ရှိန်၊ ပန်းချီ မသီတာ၊ ပန်းချီမောင်ဝဏ္ဍ၊ ပန်းချီမြင့်ဦး အစရှိသည့် ပန်းချီဆရာတို့၏ လက်ရာပန်းချီကား ၂၃ ကားတို့ ပြသထားကြောင်း သိရသည်။ ပန်းချီလက်ရာများတွင် ဗီယက်နမ် ပန်းချီဆရာများ၏ လက်ရာများမှာ ဗီယက်နမ် အမျိုးသမီးတို့၏ပုံရိပ်များ၊ ဗီယက်နမ်နိုင်ငံဝန်းကျင် မြင်ကွင်းရှုခင်းများ စသည်တို့ကို အဓိကထား ပြသထားကြောင်း သိရသည်။  မြန်မာပန်းချီဆရာများ၏ ပန်းချီလက်ရာများမှာ ရိုးရာဓလေ့ မြင်ကွင်းရှုခင်းများ၊ ဘုရား စေတီ ပုထိုးများ စသည့် ပန်းချီကားများပါဝင်ကြောင်း သိရသည်။

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးပန်းချီပြပွဲတွင် ပြသထားသည့်ပန်းချီကားများကို ရောင်းချသွားမည် မဟုတ်ဘဲ ပြပွဲသက်သက်သာ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

 

 

Most Read

Most Recent