အချက်အလက်များကို စစ်ဆေးခြင်း

အချက်အလက်များကို စစ်ဆေးခြင်း
Published 28 March 2018

အချက်အလက်များကို စစ်ဆေးခြင်းဟူသည် စာသားများအတွင်း အချက်အလက်ဆိုင်ရာ အဆိုပြုချက်များ၏ မှန်ကန်မှုနှင့် ခိုင်မာမှုကို ဆုံးဖြတ်ရန်အတွက် စိတ်ကူးယဉ်မဟုတ်သော စာသားများ၌ အချက်အလက်ဆိုင်ရာ တင်ပြချက်များကို စစ်ဆေးသည့်လုပ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါစာသားများကို ပုံနှိပ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖြန့်ဝေခြင်း မပြုလုပ်မီ (ante hoc) နှင့် ယင်းကဲ့သို့ပြုလုပ်ပြီးနောက် (post hoc) စစ်ဆေးခြင်းဟူ၍ နှစ်မျိုးရှိနိုင်သည်။ ကြိုတင်စစ်ဆေးခြင်း (ante hoc) ကို အမှားများကိုထုတ်ပယ်ရန်နှင့် စာသားကိုဖြန့်ချိခြင်းလုပ်ငန်းစဉ်တို့ သွားရန်အတွက်လည်းကောင်း၊ အတည်မပြုနိုင်ခြင်း သို့မဟုတ် အခြားသတ်မှတ်ချက်များနှင့် မညီခြင်းတို့ရှိပါက ယင်းစာသားများကို ပယ်ဖျက်ရန်အတွက်လည်းကောင်း ပြုလုပ်ခြင်းဖြစ်သည်။ ပြီးနောက် စစ်ဆေးခြင်း (post hoc) သည် တိကျမှုမရှိသည်များကို ရေးသားထားသည့် အစီရင်ခံစာများ သို့မဟုတ် တစ်ခါတစ်ရံ အချက်အလက် စစ်ဆေးရေးအဖွဲ့အစည်းမှ သတ်မှတ်ချက်များတို့၏ နောက်မှလာလေ့ရှိသည်။ post hoc အချက်အလက်စစ်ဆေးခြင်းအတွက် မြှုပ်နှံလုပ်ကိုင်သော FactCheck.org နှင့် PolitiFact ကဲ့သို့သော အဖွဲ့အစည်းများရှိသည်။ အချက်အလက်စစ်ဆေးခြင်း၏ ထိရောက်မှုနှင့်ပတ်သက်သော သုတေသနကို မကြာသေးမီကာလများကမှ စတင်ပြုလုပ်ခြင်းဖြစ်သော်လည်း ပြုလုပ်ပြီးသားသုတေသနများက အချက်အလက်စစ်ဆေးခြင်းသည် နိုင်ငံသားများအကြား၌ မှားယွင်းယူဆထားမှုများကို အမှန်တကယ် ပြင်ဆင်နိုင်သည့်အပြင် နိုင်ငံရေးသမားများကိုလည်း မှားယွင်းသောအချက်အလက်များ ပျံ့နှံ့စေခြင်းမှနေ၍ တားဆီးနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။

အချက်အလက်စစ်ဆေးခြင်းသည် နိုင်ငံရေးသမားများအနေဖြင့် မှားယွင်းသော အချက်အလက်များကို ပျံ့နှံ့စေခြင်းမှနေ၍ တားဆီးနိုင်ကြောင်း ၂၀၁၅ ခုနှစ် စမ်းသပ်လေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းလေ့လာချက်က နိုင်ငံရေးအီလစ်များအတွက် မှားယွင်းသော ဖြန့်ချိခံရမည့်အန္တရာယ်များ သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်ရမှုများ မြင့်တက်လာခြင်းကို နိုင်ငံရေးအရ တားဆီးမှုတိုးတက်လာစေရေးအား အချက်အလက်စစ်ဆေးခြင်းက အထောက်အကူပြုကြောင်း တွေ့ရှိခဲ့သည်။ ၎င်းတို့အနေဖြင့် မေးခွန်းထုတ်ဖွယ်ရှိသော အဆိုပြုချက်များအတွင်း ပိတ်မိနေခဲ့ပါက သုတေသနပြုသူများသည် ၎င်းတို့၏ဂုဏ်သိက္ခာနှင့် ရွေးကောက်တင်မြှောက်ခံရသူဆိုင်ရာ လုံခြုံမှုနှင့်ပတ်သက်သော အန္တရာယ်များအကြောင်း စာများကို အတွဲလိုက်ပေးပို့ခဲ့သည်။ ယင်းစာများပေးပို့ခံရသည့် ဥပဒေပြုအမတ်များသည် အနုတ်လက္ခဏာသဘောဆောင်သော အချက်အလက်စစ်ဆေးမှုဆိုင်ရာ အဆင့်များရရှိခြင်း သို့မဟုတ် ၎င်းတို့၏ ခိုင်မာမှုနှင့်ပတ်သက်၍ လူသိရှင်ကြား မေးခွန်းထုတ်ခံရခြင်း ဖြစ်နိုင်ခြေနည်းပါးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် အချက်အလက်စစ်ဆေးခြင်းက အဓိကခြိမ်းခြောက်မှုတစ်ရပ် ကြုံရသည့်အခါ မတိကျမှုများကို လျှော့ချပေးနိုင်ကြောင်း ပြသနေသည်။

ဒီဘိတ်များ ပြုလုပ်စဉ်အတွင်း အချက်အလက်စစ်ဆေးမှုက သက်ဆိုင်ရာကိုယ်စားလှယ်လောင်းသည် ရိုးသားမှုရှိကြောင်း ဖော်ပြနေပါက ကိုယ်စားလှယ်လောင်း၏ ဒီဘိတ်၌ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကြည့်ရှုသူများ၏ သုံးသပ်ချက်အပေါ် အချက်အလက်စစ်ဆေးမှုက သြဇာသက်ရောက်မှုရှိပြီး အဆိုပါကိုယ်စားလှယ်လောင်းကို မဲပေးလိုသည့်ဆန္ဒများ ပိုမိုဖြစ်ပေါ်စေကြောင်း စမ်းသပ်လေ့လာချက်တစ်ရပ်က တွေ့ရှိခဲ့သည်။ ၂၀၁၆ သမ္မတလောင်း မဲဆွယ်မှုကာလအတွင်း ဒေါ်နယ်ထရန့်အပေါ် ထောက်ခံသူများနှင့် ပတ်သက်သော လေ့လာချက်တစ်ရပ်က ထရန့်ကပြုလုပ်သည့် မှားယွင်းသောပြောဆိုချက်များနှင့် ပတ်သက်သည့် အချက်အလက်စစ်ဆေးမှုသည် မေးခွန်းထုတ်ဖွယ် မှားယွင်းသောပြောဆိုချက်၌ သူ့အားထောက်ခံသူများ၏ ယုံကြည်မှုများကို ကျဆင်းစေပြီး အမှားပြင်ဆင်ချက်များသည် ထရန့်အပေါ် ၎င်းတို့၏ သဘောထားများကို ပြောင်းလဲစေမှုမရှိကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် မည်သည့်နိုင်ငံရေးသမား၏ ပြောဆိုချက်များကိုမဆို အချက်အလက် စစ်ဆေးခြင်းနည်းကို အသုံးပြုကာ လေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် (၂၈) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Recent