ဆက်ဆံဆက်သွယ်ရေးများကို ဖန်တီးခြင်း

ဆက်ဆံဆက်သွယ်ရေးများကို ဖန်တီးခြင်း
Published 6 December 2017

မီဒီယာအသစ်များနှင့် အစဉ်အလာမီဒီယာများ နှစ်ရက်စလုံးက လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးများကို ဆောင်ကြဉ်းပေးပုံများအား ပြောင်မြောက်စွာပေးနိုင်ကြသည်။ ယင်းမီဒီယာပုံစံများအားလုံးတွင် မက်ဆေ့ချ်များကိုပေးပို့ခြင်းနှင့် လက်ခံခြင်းများမပါဘဲ အလုပ်မဖြစ်နိုင်ပေ။ လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးကို ကောင်းမွန်စေသည့်အရာများ သို့မဟုတ် ဆိုးရွားစေသည့်အရာများက အဘယ်နည်း။ LinkedIn၊ Facebook၊ Twitter ကဲ့သို့သော မီဒီယာအသစ်များသည် ဒီဂျစ်တယ်ထုတ်ဝေဖြန့်ချိမှုများ၊ အွန်လိုင်းကြော်ငြာများ၊ အသံမက်ဆေ့ချ်များ၊ စာပို့မေးလ်များနှင့် ထူးခြားသောစတစ်ကာများဖြင့် လုပ်ငန်းဆိုင်ရာ ဆက်ဆံဆက်သွယ်ရေးများကို ဆောင်ကြဉ်းပေးရန် ဒီဂျစ်တယ်ကြားခံယာဉ်များဖြစ်ကြသည်။ မည်သည့်မီဒီယာမျိုး၌မဆို မက်ဆေ့ချ်ပေးရန်အတွက် မရှိမဖြစ်အရေးကြီးသည့်အရာများမှာ C ငါးလုံးဟုခေါ်သော ဆက်စပ်အကြောင်းအရာ/ အခြေအနေ (Context)၊ ပါဝင်သည့်စာသား (Contact)၊ ရှင်းလင်းမှု (Clarity)၊ အရောင် (Color) နှင့် သယ်ဆောင်ပေးသည့်အရာ (Carrier) တို့ဖြစ်ကြသည်။

Context - အဘယ်ကြောင့် မက်ဆေ့ချ်ပေးပို့ရသနည်းဟူသည်နှင့် ဝန်းရံထားသော အကြောင်းခြင်းရာများ၊ အခြေအနေရပ်များနှင့် ပတ်ဝန်းကျင်တို့က အဘယ်နည်းဟူသည်တို့သည် Context များဖြစ်ကြသည်။ မက်ဆေ့ချ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လိုရင်းကို တန်းတန်းမတ်မတ်ရှင်းပြမှုက အရေးကြီးသည်။ ပထမဆုံးနေရာ၌ ၎င်းတို့အနေဖြင့် အဘယ်ကြောင့် ဆက်ဆံဆက်သွယ်မှုအား လက်ခံရရှိသနည်းဟူသည့်အချက်ကို နားမလည်မချင်း လက်ခံရရှိသူအများစုသည် ရှေ့သို့ဆက်နိုင်မည်မဟုတ်ပါ။

Contact - မက်ဆေ့ချ်ကား အဘယ်နည်း၊ ယင်းကို အချက်အလက်များနှင့် ခံစားမှုများ၌ မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်းနှင့် ဖတ်ရှုသူဘက်မှ ချက်ချင်းတုံ့ပြန်မှုရရှိအောင် နှိုးဆော်ရေးအတွက် ရည်ရွယ်ထားသည်မှာ အဘယ်နည်းဟူသည်တို့ဖြစ်သည်။ Contact ကိုမလိုအပ်သော၊ အပိုဖြည့်စွက်ထားသော အချက်အလက်များမပါဘဲ ရည်ရွယ်ထားသည့် ပရိသတ်ထံသို့ လျင်မြန်စွာနှင့်ထိရောက်စွာ ဖြန့်ဝေရမည်ဖြစ်သည်။

Clarity - မက်ဆေ့ချ်ကို ရှုပ်ထွေးမနေအောင်နှင့် နားလည်နိုင်အောင် ရေးသားပြောဆိုရမည်ဖြစ်သည်။ လက်ခံသူအနေဖြင့် နောက်ထပ်အချက်အလက်များ အလိုရှိလာအောင် ဆွဲဆောင်နိုင်ရမည်ဖြစ်သည်။ ဆက်ဆံဆက်သွယ်ရေးသည် အရေးအသားဖြစ်စေ၊ အသံဖြစ်စေ၊ အမြင်ဆိုင်ရာဖော်ပြချက်ဖြစ်စေ လိုတိုရှင်းဖြစ်ရမည်။ ထိရောက်သော မက်ဆေ့ချ်များသည် တန်းတန်းမတ်မတ် ဖော်ပြထားပြီး နားလည်ရန်လွယ်ကူကာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ မပါဝင်ပေ။

Color - မက်ဆေ့ချ်ကို မည်သူကကြည့်မည်နည်းနှင့် ဆောင်ကြဉ်းပေးသည့် အချက်အလက်များကို အမြင့်ဆုံးဆွဲဆောင်နိုင်ရန်အတွက် ၎င်းတို့မြင်ရန်ကြားရန် လိုအပ်သည်ကား အဘယ်နည်းဟူသည်တို့ဖြစ်သည်။ ပြောင်မြောက်သောအနုပညာသည် ကြီးကျယ်သော ဘောင်တစ်ရပ်ဖြင့်လာပါက ပို၍ပင်ကောင်းသေးသည်။ မက်ဆေ့ချ်ကို ပိုမိုအားကောင်းစေပြီး လက်ခံသူကို ပိုမိုရင်းနှီးသွားစေမည့် စိတ်ဝင်စားဖွယ်စာလုံးပုံစံများ၊ ဂရပ်ဖစ်များ၊ အရောင်များ၊ ဓာတ်ပုံများနှင့် အသံများကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် ပင်မမက်ဆေ့ချ်ကို ေ၀ဝါးရှုပ်ထွေးသွားစေမည့် သို့မဟုတ် ပရိသတ်ကို မောင်းထုတ်သကဲ့သို့ ဖြစ်မည့်အရာများ မပါဝင်ရပါ။

Carrier - မီဒီယာတစ်ခု သို့မဟုတ် ယင်းထက်ပို၍၌ ရည်ရွယ်ထားသည့် ပရိသတ်ထံသို့ အကောင်းဆုံးရောက်ရှိရန် မက်ဆေ့ချ်သည် မည်သည့်နေရာမှလာသည်ဟူသည့် အချက်ဖြစ်သည်။ မီဒီယာကုန်ကျစရိတ်သည် အကြောင်းခြင်းရာတစ်ရပ်ဖြစ်သော်လည်း ခေတ်၊ တည်နေရာနှင့် ပရိသတ်နှင့်ပတ်သက်သော အခြားဒေသအပိုင်းအခြားဆိုင်ရာ အချက်အလက်များက မီဒီယာအသစ် သို့မဟုတ် အစဉ်အလာမီဒီယာများထဲမှ မည်သည့်မီဒီယာများကို Carrier အဖြစ် ရွေးချယ်မည်နည်းဟူသည်ကို ဆုံးဖြတ်သည်။ တစ်ခါတစ်ရံတွင် လူမှုမီဒီယာများကို ပုံနှိပ် သို့မဟုတ် အသံလွှင့်မီဒီယာများနှင့် ပေါင်းစပ်ခြင်းကဲ့သို့သော မီဒီယာအရောအစီအစဉ်ကို အသုံးပြုခြင်းက ပို၍ထိရောက်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ မည်သည့်လုပ်ငန်းမဆို ပိုမိုကောင်းမွန်လာစေရန်အတွက် ဆက်ဆံဆက်သွယ်ရေး၌ C ငါးလုံးကိုမမေ့သင့်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ (၆) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent