<

အောင်လံမြို့နယ်တွင် သားဖြစ်သူများကို ဆုံးမစကားပြောသည့်ကိစ္စ မကျေနပ်သဖြင့် အစ်ကိုက ညီမဖြစ်သူအား ဓားဖြင့်ခုတ်သတ်

သားဖြစ်သူများကို ဆုံးမစကားပြောသည့်ကိစ္စအား မကျေနပ်သဖြင့် အစ်ကိုဖြစ်သူက ညီမဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုတစ်ခု မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် စက်တင်ဘာ ၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်လံမြို့ သရက်တောရပ်ကွက်နေ မြင့်မိုးလှိုင်သည် ၎င်း၏ သားဖြစ်သူများအား ယောက်ဖဖြစ်သူမှ ဆိုဆုံးမမှုပြုလုပ်ခဲ့သလားဟု ယောက်ဖဖြစ်သူအိမ်သို့ ဓားကိုင်ပြီး လာရောက်မေးမြန်းမှု ပြုလုပ်ခဲ့ပြီး ဒေါသမထိန်းနိုင်ဘဲ ညီမဖြစ်သူအား ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။

“ကျူးလွန်သူရဲ့ သားနှစ်ယောက်ကို ထမင်းချက်ခိုင်းတာ မချက်ဘဲ စကားများရန် ဖြစ်ကြလို့ ဦးလေးကဆုံးမတာပေါ့။ သူ့သားတွေကို ဆုံးမတဲ့အထဲမှာ ယောက်ဖပါတယ်ထင်ပြီး ယောက်ဖအိမ်ကို လာပြောတာ။ အဲ့ဒီကိစ္စ မကျေနပ်တာနဲ့ သူ့ညီမကို လက်ထဲမှာ ပါလာတဲ့ ဓားနဲ့ ခုတ်လိုက်တာ။ လည်ပင်းကို ခုတ်မိတာ ဆေးရုံပို့တဲ့လမ်းမှာပဲ ကောင်မလေးက သေသွားတယ်။ လက်ရှိတော့ ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အောင်လံမြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်လံမြို့နယ်ရဲစခန်းမှ ကျူးလွန်သူမြင့်မိုးလှိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

September 4, 2018














Copy Protected by Chetan's WP-Copyprotect.