ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်း တစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်း တစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
Published 31 August 2018

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်း၏ ငါးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ပြုတ်ကျ သေဆုံးသည့် အမျိုးသားမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်တွင် နေထိုင်သည့် ဦး... (၅၁ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲခန့် က ၎င်းနေထိုင်ရာ အမြင့် ၆၀ ပေခန့်ရှိ နေအိမ်တိုက်ခန်း ငါးလွှာ၏ ပြူတင်းပေါက်အနီးတွင် ရပ်နေစဉ် အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများမှ လာရောက် စစ်ဆေးရာ ဦး... (၅၁ နှစ်) မှာ အတက်ရောဂါ ခံစားနေရသဖြင့် ဆေးကုသမှု ခံယူနေရသူ တစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်တွင် ပြူတင်းပေါက်၌ ရပ်နေစဉ် ရုတ်တရက် အတက်ရောဂါ ဖြစ်ပေါ်ခံစားရာမှ တစ်ဆင့်အောက်ရှိ သမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ဦး....(၅၁ နှစ်)မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ပါးစပ်၊ နားနှင့်နှာခေါင်းတို့ သွေးထွက် ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့် ဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းရဲစခန်းမှ သေမှုသေခင်းအမှတ် (၂၈/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent