အလှူခံ ရရှိသော ပစ္စည်းများနှင့် ပတ်သက်၍ စကားများရာမှ သီလရှင်တစ်ပါးက ကျောင်းထိုင်ဆရာတော်အား ဓားဖြင့်ထိုးမှုဖြစ်ပွား

အလှူခံ ရရှိသော ပစ္စည်းများနှင့် ပတ်သက်၍ စကားများရာမှ သီလရှင်တစ်ပါးက ကျောင်းထိုင်ဆရာတော်အား ဓားဖြင့်ထိုးမှုဖြစ်ပွား
Published 28 August 2018

အလှူခံရရှိသော ပစ္စည်းများနှင့် ပတ်သက်၍ စကားများရာမှ သီလရှင်တစ်ပါးက ကျောင်းထိုင်ဆရာတော်အား ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂၇ ရက်တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သြဂုတ် ၂၆ ရက် ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းမြို့ မီးရထားရပ်ကွက် ပင်စင်ကုန်းရပ် ဇေယျမင်္ဂလာ အောင်ချမ်းသာကျောင်းတိုက်အတွင်း ကျောင်းထိုင်ဆရာတော်နှင့် အဆိုပါ ကျောင်းဝင်းအတွင်း သီတင်းသုံး နေထိုင်သော သီလရှင်တစ်ပါးတို့ အလှူခံရရှိသည့် ပစ္စည်းများနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ သီလရှင်က အရိုးအသွား ၁၀ လက်မခန့်ရှိ ကော်ရိုးတပ် စတီးဓားဖြင့် ကျောင်းထိုင်ဆရာတော်၏ ဝဲဘက်နံဘေးအား ထိုးသွင်းခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ သီလရှင် ဒေါ်စန္ဒာသီရိ၊ ဝါတော် ၂၆ ဝါ၊ အသက် (၄၈ နှစ်) အား သက်ဆိုင်ရာ သာသနာအဖွဲ့က လူဝတ်လဲကာ စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ) ၆၂၉/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent