ကျောက်တန်းမြို့နယ်တွင် စတုတ္ထတန်း ကျောင်းသားတစ်ဦး လည်ပင်းတွင် ကြိုးစွပ်၍ ဆော့ကစားရာမှ သေဆုံး

ကျောက်တန်းမြို့နယ်တွင် စတုတ္ထတန်း ကျောင်းသားတစ်ဦး လည်ပင်းတွင် ကြိုးစွပ်၍ ဆော့ကစားရာမှ သေဆုံး
Published 28 August 2018

ကျောက်တန်းမြို့နယ်တွင် စတုတ္ထတန်းအရွယ် ကျောင်းသားတစ်ဦး ဝါးလုံးထုပ်တန်း၌ နိုင်လွန်ကြိုးချည်ပြီး လည်ပင်းတွင် ကြိုးစွပ်၍ ကစားစဉ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သြဂုတ် ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်တွင် ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် ကလေးငယ်တစ်ဦး ဆွဲကြိုးချ သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ စတုတ္ထတန်း ကျောင်းသား မောင်...(၁၀နှစ်) ဖြစ်ကြောင်း သိရသည်။

သေဆုံးရသည့် အကြောင်းရင်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ မောင်... (၁၀) နှစ်မှာ နေအိမ်၌ မိဘများမရှိစဉ် ညီမဖြစ်သူနှင့် နေအိမ် ဝါးလုံးထုပ်တန်းတွင် နိုင်လွန်ကြိုးအားချည်ပြီး လည်ပင်းတွင် ကြိုးစွပ်၍ ဆော့ကစားစဉ် ခြေချော်ကျကာ လည်ပင်းရှိ နိုင်လွန်ကြိုးမှာ ချည်လျက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား ကျောက်တန်းမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent