ရွှေဘိုခရိုင်တွင် သြဂုတ်အတွင်း သစ်တန်ချိန် ၂၂ တန်ကျော် ဖမ်းဆီးရမိ

ရွှေဘိုခရိုင်တွင် သြဂုတ်အတွင်း သစ်တန်ချိန် ၂၂ တန်ကျော် ဖမ်းဆီးရမိ
Published 29 August 2017

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှာ သြဂုတ်လအတွင်း တရားမဝင် တမလန်း၊ ပိတောက်၊ ကျွန်းခွဲသား၊ အင်ခွဲသားသစ်တန်ချိန် ၂၂ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

တရားမဝင်တမလန်း၊ ပိတောက်၊ ကျွန်းခွဲသား၊ အင်ခွဲသား သစ်တန်ချိန် ၂၂ တန်ကျော် ဖမ်းဆီးရမိခဲ့သည့် မြို့နယ်များမှာ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ရွှေဘို-ကျောက်မြောင်းမြို့နယ်တွင် တရားမဝင်သစ် တန်ချိန် ၂၂ ကျော် ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၂၇ ရက်က ရွှေဘိုခရိုင်ရေးမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ရေး-ကလေးဝကားလမ်း မိုင်တိုင်အမှတ် (ဝ) နေရာ ယာဉ်အမှတ် MDY 6I/9846 AD VAN အဖြူရောင် ယာဉ်တစ်စီးပေါ်တွင် တရားမဝင် တမလန်းခွဲသားဆိုဒ်စုံ ၂၃ ချောင်း (၀ ဒသမ ၄၃၅၄ )တန်နှင့် တရားခံနှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ မြင်းဒေါင်းဘိနယ်၊ ရေဦး-ရွှေဘို-ညောင်ပင်သာကားလမ်း၊ မိုင်တိုင် အမှတ် (၂၂/၆) နှင့် (၂၂/၇) ကြား ယာဉ်အမှတ် MDY 7A/3156 အစိမ်းရောင် ခြောက်ဘီးယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေ ၄၀ ချောင်း (၅ ဒသမ ၉၉၈၄)တန်နှင့် ယာဉ်အမှတ် SGG HD/4202 အပြာရောင် ခြောက်ဘီးယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေ ၂၄ ချောင်း (၆ ဒသမ ၅၅၆၈) တန်၊ ကျွန်းခွဲသား တစ်ချောင်း (၀ ဒသမ ၆၅၅၄) တန်နှင့် တရားခံတစ်ဦးလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်က ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်၊ ရေဦး-ကလေးဝကားလမ်း မိုင်တိုင်အမှတ် (ဝ) နေရာတွင် ယာဉ်အမှတ် MDY 6I/9846 AD VAN အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းခွဲသားဆိုက်စုံ ၂၃ ချောင်း (၀ ဒသမ ၄၃၅၄) တန်နှင့်အတူ တရားခံနှစ်ဦးတို့လည်း ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၁၇ ရက်က တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၄၆/၃) တောကျင်တောင်ခြေဇရပ်အနီးမှာ ယာဉ်အမှတ် ရှေ့နောက်နံပါတ်ပြား YGN(5B/30301)၊ ဘေးဝဲ/ယာနံပါတ်ပြား (8N/5769) UD-MK/2151 ခေါင်းအဖြူ၊ ကိုယ်ထည်အဖြူ၊ အပြာရောင်ကြား ခြောက်ဘီးယာဉ်ပေါ်တွင် တရားမဝင် တမလန်းခွဲသား ၂၉ ချောင်း (၄ ဒသမ ၅၃၆၈ )တန်တို့လည်း ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၁၆ ရက်က တန့်ဆည်မြို့နယ် ရေဦးကလေးဝကားလမ်း မိုင်တိုင်အမှတ် (၄၇/၃) မယ်တော်ကြီးနတ်နန်းအနီး ယာဉ်အမှတ် YGN (5G/7604) PAJERO ယာဉ်ပေါ်တွင် တရားမဝင် တမလန်းခွဲသား ၂၂ ချောင်း (၀ ဒသမ ၅၉၂၂ တန်)နှင့် တရားခံ နှစ်ဦးပါ ဖမ်းဆီးရမိခဲ့သည်။

Most Read

Most Recent