မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ABC မှတ်တိုင်အနီး လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် အသက် ၆၀ကျော် အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ABC မှတ်တိုင်အနီး လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် အသက် ၆၀ကျော် အမျိုးသမီးတစ်ဦး သေဆုံးလျက်တွေ့ရှိ
Published 23 August 2018

အခင်းဖြစ်ပွားသည့် နေရာအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ABC မှတ်တိုင်အနီး လေထိုးကျွတ်ဖာဆိုင်တစ်ဆိုင်တွင် အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို သြဂုတ်လ ၂၂ ရက် ည ၁၀နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်းက သေဆုံးခဲ့ဟု ခန့်မှန်းထားကြောင်း ရဲတပ်ဖွင့်ဝင်များထံမှ သိရသည်။

“လောလောဆယ် အဲ့ဒီကိစ္စက အချက်အလက် မပြည့်စုံသေးတော့ ပြောလို့မရသေးဘူး၊ ကြားတော့ ကြားရတယ်၊ လူသတ်မှုလား၊ လူသေမှုလား၊ အဲဒီလို အတိအကျ မသိရသေးဘူး၊ ရဲကတော့ လုပ်စရာရှိတာကို လုပ်နေပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာ နေအိမ်တွင် သြဂုတ်၂၃ ရက် နံနက် ၁ နာရီခွဲကျော်အထိ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် CID ရဲတပ်ဖွ့ဲဝင်များက စစ်ဆေးလျက်ရှိပြီး အသေးစိတ် အချက်အလက်များကို ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent