<

မုဒုံမြို့နယ်တွင် ၁၅ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သူ ဖခင်အား အမှုဖွင့်

မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာတွင် သမီးအရင်းဖြစ်သူကို အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သူ ဖခင်ဖြစ်သူအား အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်၂၀ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က မုဒုံမြို့နယ် ကင်းချောင်းကျေးရွာနေ မသင်းသင်းအေး (၃၄ နှစ်) သည် လယ်အတွင်း ကန်စွန်းရွက်ခူးပြီးအပြန် နေအိမ်အရောက်တွင် အိမ်ခေါင်းရင်းနေ ၎င်း၏ မအေတူ၊ အဖေကွဲ ညီမတော်စပ်သူ မ….. (၁၅ နှစ်) ရောက်ရှိလာပြီး သြဂုတ် ၁၈ ရက်က မိခင်ဖြစ်သူ ခရီးသွားနေစဉ် ည ၁၁ နာရီ ခန့်တွင် ဖခင်အရင်းဖြစ်သူ ဦးလှကျော် (၄၃ နှစ်) (ဘ) ဦးကံရွှေမှ ၎င်းနှင့်အတူအိပ်ရာ ညသန်းခေါင် အချိန်၌ မ….. (၁၅ နှစ်) အား သားမယားပြုကျင့်ခဲ့ပြီး ဖခင်အရင်းဖြစ်သူ ဦးလှကျော်က မည်သူ့ကိုမျှ ပြန်မပြောရန်နှင့် ပြန်ပြောလျှင် ဓားဖြင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊ ယခင်ကလည်း မ….. အား ဖခင်အရင်းဖြစ်သူ ဦးလှကျော်က နေအိမ်တွင် ငါးကြိမ်၊ အိမ်နီးချင်း အစ်မဖြစ်သူ၏ နေအိမ်တွင် လေးကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း အစ်မဖြစ်သူအား ပြောပြခဲ့ရာ အစ်မဖြစ်သူ မသင်းသင်းအေးက ကင်းချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်ပင်၍ အသက်မပြည့်သေးသူ ညီမငယ်အား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသည့် ဖခင်ဖြစ်သူ  ဦးလှကျော်အား ဥပဒေအရ အရေးယူပေးပါရန် မုဒုံမြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မုဒိမ်းမှုနဲ့ ပတ်သက်လို့ ဆေးစာနဲ့တကွ အမှုကို အသေးစိတ် စစ်ဆေးဆောင်ရွက် နေပါတယ်” ဟု မုဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှကျော်အပေါ် မုဒုံမြို့မရဲစခန်းက (ပ) ၁၄၄၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းက အမှုအား စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

August 21, 2018














Copy Protected by Chetan's WP-Copyprotect.