<

ကော့ကရိတ်မြို့မရဲစခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲဖြန့်ဖြူးမှုများ အောင်မြင်ပါစေဟု Social Media တွင် ရေးသားခဲ့သူအား ပုဒ်မ ၆၆(ဃ ) ဖြင့် အမှုဖွင့်

ကရင်ပြည်နယ် ကော့ကရိတ်မြို့မရဲစခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲဖြန့်ဖြူးမှုများ အောင်မြင်ပါစေဟု Social Media တွင် ရေးသားခဲ့သူ Win Tun အကောင့်ပိုင်ရှင်အား ကော့ကရိတ်မြို့မရဲစခန်း မှ ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် သြဂုတ် ၁၉ ရက်က အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

သြဂုတ် ၁၃ ရက် နံနက် ၈း၀၅ နာရီတွင် ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေသည် Social Media တွင် Win Tun အကောင့်ဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းတွင် စိတ်ကြွရူးသွပ်ဆေး သုံးစွဲဖြန့်ဖြူးမှုများ အောင်မြင်ပါစေဟု ရေးသားထားခြင်းနှင့် ပတ်သက်၍ အဆိုပါ အကောင့်အား ၀င်ရောက် ကြည့်ရှု စစ်ဆေးပြီး ရေချိုးစဉ် Lives လွှင့်ထားသော ပုံနှင့်တူသူအား လိုက်လံရှာဖွေရာ ကော့ကရိတ်မြို့ အမှတ်(၁) ရပ်ကွက်၊ ရဲစခန်းတောင်ဘက် ၄ ဖာလုံအကွာ၌ ဇော်ငြိမ်းထွန်း ( ၃၉ နှစ် )၊ (ဘ) ဦးပါရာအား တွေ့ရှိစစ်ဆေးခဲ့သည်။

Win Tun အကောင့်၌ ရေချိုးနေသည့်ပုံနှင့် ၎င်း ဇော်ငြိမ်းထွန်းမှာ တူညီနေပြီး OPPO အနက်ရောင်ဖုန်းတွင်လည်း Win Tun အမည်ဖြင့် Facebook အကောင့် ဖွင့်ထားသည်ကို တွေ့ရှိရ၍ သက်သေများရှေ့၌ ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ၎င်းအား ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား အသရေဖျက်ခြင်း၊ မမှန်သော သတင်းအချက်အလက်များကို Internet စာမျက်နှာပေါ်တွင် ဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူ ဇော်ငြိမ်းထွန်းအား ဥပဒေအရ အရေးယူပေးပါရန် ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေက တရားလိုပြုလုပ် တိုင်ကြားသဖြင့် ကော့ကရိတ်မြို့မရဲစခန်းမှ ပ ၃၃၂/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) / ၆၈ (က ) တို့ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

August 20, 2018














Copy Protected by Chetan's WP-Copyprotect.