ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးတို့ အာမခံလျှောက်ထားမှု ပယ်ချခံရ

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးတို့ အာမခံလျှောက်ထားမှု ပယ်ချခံရ
Published 16 August 2018

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအား မုဒိမ်းမှုဖြင့် လိမ်လည် တိုင်တန်းခဲ့သည့် အိမ်အကူနှင့် ပွဲစားအမျိုးသမီးတို့ အာမခံလျှောက်ထားမှုအား သြဂုတ် ၁၅ ရက် ရုံးချိန်းတွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပယ်ချခဲ့သည်။

ပွဲစား ဒေါ်ညိုဘက်မှ အာမခံပေးသည့် အမျိုးသားနှစ်ဦးမှာ သက်သေခိုင်မာမှု မရှိသဖြင့် ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားဖြစ်သူ ဒေါ်ညိုတို့အား သြဂုတ် ၁၅ ရက် ရုံးထုတ်လာချိန်တွင် အကျဉ်းထောင်မှ အချုပ်ယာဉ်ဖြင့် မဟုတ်ဘဲ ဟွန်ဒါဖစ် အမျိုးအစားယာဉ်ဖြင့် သီးသန့် ရုံးထုတ်ခဲ့ပြီး ရဲအင်အား အများအပြားဖြင့် ရုံးထုတ်ခဲ့သည်။

အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့နှစ်ဦးကို သင်္ဃန်းကျွန်းတရားရုံးတွင် ပြီးခဲ့သည့်ရုံးချိန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၁၄ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့ပြင် လီဆယ်တိုင်ကြားထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သရုပ်ဆောင် သီဟတင်စိုးကို တိုင်တန်းထားသည့်အမှုအား ပြန်လည် ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ကလည်း အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၁၁ ဖြင့် သင်္ဃန်းကျွန်းတရားရုံးသို့ ဦးတိုက် လျှောက်ထားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent