မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရွှေထိုက် အပါအဝင် ခြောက်ဦးအား သြဂုတ် ၂၄ ရက်၌် ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ် ရမန်ယူမည်

မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရွှေထိုက် အပါအဝင် ခြောက်ဦးအား သြဂုတ် ၂၄ ရက်၌် ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ် ရမန်ယူမည်
Published 14 August 2018

မူးယစ်ဆေးဝါး အများအပြားဖြင့် ဖမ်ဆီးခံထားရသည့် အဆိုတော် ရွှေထိုက် အပါအဝင် ခြောက်ဦးအား သြဂုတ် ၂၄ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူမည် ဖြစ်ကြောင်း သြဂုတ် ၁၃ ရက်က ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။

“ သြဂုတ် ၁၀ ရက် ညနေပိုင်းက ရန်ကင်းတရားရုံးမှာ ရမန်ယူသွားတာပါ။ အမျိုးသမီး သုံးဦးနဲ့ အမျိုးသားသုံးဦးပါ။ မရမ်းကုန်းမှာ ဖမ်းမိတဲ့ တစ်ယောက်တော့ မပါဘူး။ ရန်ကင်းမှာမိတဲ့ ခြောက်ဦးပဲ သြဂုတ် ၂၄ ရက်ထိ ရမန်ယူထားတာပါ ”ဟု ရန်ကင်းမြို့နယ် တရားရုံး မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ် ၉ ရက် နံနက် ၁၁ နာရီတွင် မူးယစ် ယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန် (အရှေ့) တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်နေ သန့်စင်မောင် (ခ) ကိုပေါက်၏ နေအိမ်အတွင်း ရှာဖွေရာ ၎င်း၏ ဘောင်းဘီ အိတ်ကပ်အတွင်းနှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအမှု၏ ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ရန်ကင်းမြို့နယ် အမှတ် (၁၆) ရပ်ကွက် ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II ယာဉ်ကို ရှာဖွေရာ ကျော်သူရ အားတွေ့ရှိရပြီး ၎င်းထိုင်သည့် ယာဉ်မောင်း ထိုင်ခုံပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ နှင့် အိုက်စ် ၇ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ကျော်သူရ တည်းခိုနေသည့် Mr Dream Hotel အခန်း အမှတ် ၁၀၁ ကို ဆက်လက် ရှာဖွေရာ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင် တို့အား တွေ့ရပြီး ရေချိုးခန်း ဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ကိုးပြား၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ၎င်း၏ ကွင်းဆက်အရ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့နယ် အမှတ် ၁ ရပ်ကွက် ရန်ကင်းလမ်း Golden City အိမ်ရာနေ သက်ဆွေမင်း (ခ) ကိုစိုင်းနှင့် မဝေလွင်ဇော် (ခ) မရွှေထိုက်တို့၏ နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ် အဝေရာလမ်း အမှတ် ၁၅ ရပ်ကွက်ရှိ နေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ဂ ရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent