နေအိမ်တွင် ညအိပ်တည်းခိုသူဧည့်သည်က ခြောက်နှစ်ခွဲအရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု မြဝတီမြို့တွင် ဖြစ်ပွား

နေအိမ်တွင် ညအိပ်တည်းခိုသူဧည့်သည်က ခြောက်နှစ်ခွဲအရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု မြဝတီမြို့တွင် ဖြစ်ပွား
Published 12 August 2018

ကရင်ပြည်နယ် မြဝတီမြို့အမှတ် (၄) ရပ်ကွက်တွင် ခြောက်နှစ်ခွဲအရွယ် သမီးငယ်တစ်ဦးကို ညအိပ်တည်းခိုသူ မိတ်ဆွေက ပြန်ပြောရင် ရောင်းစားမယ်၊ အိမ်ကိုမီးရှို့ပစ်မယ် ဟု ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့မှုတစ်ခု သြဂုတ် ၁၀ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့အမှတ် (၄) ရပ်ကွက် ဝိဝေကာ ရာမကျောင်းလမ်းနေ ကို .... မိသားစု နေအိမ်သို့ လွန်ခဲ့သော သုံးရက်က ခင်မင်သိကျွမ်းခဲ့သော မင်းကျော်ဆိုသူကို သြဂုတ် ၁၀ ရက်က နေအိမ်တွင် ညအိပ်စေခဲ့ကြောင်း၊ သြဂုတ် ၁၁ ရက်တွင် ကို .... က ဧည့်သည် မင်းကျော်အား တောရကျောင်းလမ်းရှိ အလုပ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သြဂုတ် ၁၁ ရက် နံနက်တွင် ကို .... ၏ ဇနီးသည် နေအိမ်၌ ထမင်းကြော်နေစဉ် ခြောက် နှစ်ခွဲအရွယ် သမီးငယ်ရောက်ရှိလာပြီး ည ၁၂ နာရီခန့်က ဧည့်သည်မင်းကျော်က ၎င်းအား အဓမ္မပြုကျင့်ခဲ့၍ မိန်မကိုယ် နာကျင်နေ ကြောင်းပြောပြသဖြင့် မိခင်ဖြစ်သူက နံနက် ၁၀ နာရီခွဲတွင် မြဝတီမြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

မြဝတီမြို့မရဲ စခန်းက မိန်းကလေးငယ်၏မိခင်ဖြစ်သူအား စစ်ဆေးရာ ၎င်း၏ ခင်ပွန်း ဖြစ်သူသည် ဧည့်သည်မင်းကျော်ဆိုသူအား သမီးငယ်နှစ်ဦး (ခြောက်နှစ်ခွဲ၊ တစ်နှစ်ခွဲ) ၏ ခြင်ထောင်အနီးတွင် ခြင်ဆေးခွေ ထွန်းပေးပြီး အိပ်စေခဲ့ကြောင်း၊ ည ၁၂ နာရီခန့်တွင် ဧည့်သည်က ခြောက်နှစ်ခွဲသမီးငယ်၏ မိန်းမကိုယ်အား မဖွယ်မရာပြုလုပ်ပြီး တန်ဆာနှင့် ထိုးသည့်အတွက်နာကျင်သော်လည်း မိခင်နှင့် ဖခင်အား ပြောလျှင် ရောင်းစားမည်၊ အိမ်မီးရှို့ မည်ဟု ခြိမ်းခြောက်ပြောဆိုသည်ကို သမီးငယ်၏ ပြောပြချက်အရသိရပြီး တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍  ခြောက်နှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူ မင်းကျော် ( ၃၂ နှစ်) (ဘ) ဦးအောင်သန်း၊ အိုးဖိုစုကျေးရွာ လက်ပံတန်းမြို့နယ်နေသူအား မြဝတီမြို့မ ရဲစခန်းက (ပ)၆ပ၈/၂၀၁၈ ရာဇသတ်ကြီး ၃၇၆ ဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent