မန္တလေးမြို့ရှိ ကျုံးရေပြင်တွင် သေဆုံးနေသည့် အမျိုးသမီးအလောင်း တွေ့ရှိ

မန္တလေးမြို့ရှိ ကျုံးရေပြင်တွင် သေဆုံးနေသည့် အမျိုးသမီးအလောင်း တွေ့ရှိ
Published 12 May 2018

မန္တလေးမြို့ရှိ ကျုံးရေပြင်တွင် မေ ၁၁ ရက်က သေဆုံးနေသည့် အမျိုးသမီးအလောင်း ပေါ်လာခဲ့ကြောင်း သတင်းရရှိသည်။

လမ်း ၈၀ နှင့် ၁၅ လမ်းရှိ ကျုံးရေပြင်အတွင်း မေ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်က အမျိုးသမီးအလောင်း တစ်လောင်း ပေါ်ခဲ့သောကြောင့် တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။

ရဲစစ်ဆေးအချက်အရ သေဆုံးသူသည် အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး အပေါ်အင်္ကျီ အဝါကွက်၊ ထမီအနက်ရောင်ဖြင့် တွေ့ရှိပြီး ပြင်ပဒဏ်ရာ မတွေ့ရှိခဲ့ရကြောင်း သိရသည်။

“သေဆုံးသူ ဘယ်သူဆိုတာ မသိရသေးပါဘူး။ ဘယ်လိုသေဆုံးတာလဲ ဆိုတာလည်း မသိရသေးပါဘူး။ စုံစမ်းဆဲပါ” ဟု နယ်မြေရဲ စခန်းအမှတ် (၂) မှ ရဲတစ်ဦးက မေ ၁၁ ရက် မွန်းလွဲ ၂ နာရီက ပြောကြားသည်။

သေဆုံးသူအား မန္တလေး အထွေထွေဆေးရုံကြီးသို့ ပို့အပ်ကာ ဆေးရုံကြီးမှ PR/22 ဖြင့် လက်ခံထားရှိပြီး အမျိုးသမီးသေဆုံးခြင်းနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နယ်မြေရဲစခန်း အမှတ် (၂) မှ သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၈)  ဖြင့် ကနဦး ရေးဖွင့်ထားကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent