<

၁၃ နှစ်အရွယ်အတူနေ ခယ်မအား ခဲအိုဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု မြ၀တီမြို့တွင် ဖြစ်ပွား

၁၃ နှစ်အရွယ်အတူနေ ခယ်မကို ခဲအိုဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု မြ၀တီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ညဈေးတန်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီမြို့ အမှတ် ၃ ရပ်ကွက် ညဈေးတန်း ကန်ပေါင်တန်းလျား အခန်း (၅) တွင် နေထိုင်သူ မ — သည် နေအိမ်နောက်ဘက် မီးဖိုချောင်၌ သူမ၏ခင်ပွန်း မင်းထွန်းနှင့်ညီမဖြစ်သူ မ…. (၁၃ နှစ်) တို့သည် ကာမစပ်ယှက်နေသည်ကို မေ ၂ ရက်က တွေ့ရှိသိရဖြင့် ညီမဖြစ်သူအား မေးမြန်းပြီးနောက် မြ၀တီမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ညီမဖြစ်သူကို အစ်မဖြစ်သူက မေးမြန်းရာလွန်ခဲ့သော ငါးလခန့်မှစ၍ ယခုအကြိမ်ထိ သားမယားပြုကျင့်မှု ခြောက်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ယင်းနောက် အစ်မဖြစ်သူသည် အနီးပတ်ဝန်းကျင် ညဈေးတန်းဆေးဆိုင်မှ အမျိုးသမီးကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်တံဝယ်ယူ၍ ညီမဖြစ်သူ၏ ဆီးကိုစစ်တိုင်းရာ ကိုယ်ဝန်ရှိသည့် အမှတ်အသားပြနေသည်ကို သိရှိရသည်ဟု ဆိုသည်။

သို့ဖြစ်၍ အသိသက်သေများခေါ်ကာ မြ၀တီမြို့မရဲစခန်းသို့ ခင်ပွန်းဖြစ်သူ မင်းထွန်းအား ဇနီးဖြစ်သူက အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အတူနေခယ်မကို ကိုယ်ဝန်ရသည်အထိ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သူ မင်းထွန်း (၂၆ နှစ်) (ဘ) ဦးဝင်း၊ အမှတ် ၃ ရပ်ကွက်၊ ညဈေးတန်းနေသူအား မြ၀တီမြို့မရဲစခန်းမှ (ပ) ၃၅၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

May 3, 2018














Copy Protected by Chetan's WP-Copyprotect.