မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်အား လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၀၀ ကျော် လုယက်မှုဖြစ်ပွား

မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်အား လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၀၀ ကျော် လုယက်မှုဖြစ်ပွား
Published 24 January 2018

မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်အား လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၀၀ ကျော် လုယက်မှု ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့  ဘဏ်ပိတ်ချိန်တွင် လူလေးဦးက ရုတ်တရက် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော လက်နက်များဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ်သိန်း (၉၂၀) ကျော်ကို လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ် အနေဖြင့် မြစ်ကြီးနားမြို့၊ အမှတ်(၁)ရဲစခန်းသို့ တိုင်ကြားခဲ့ထားပြီး လုယက်သွားသူများကို ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent