<

အိပ်ရာနှိုးသည့်ကိစ္စဖြင့် ငါးဖမ်းသင်္ဘောမှ အလုပ်သမားနှစ်ဦး စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသတ်မှု ဆိပ်ကမ်းမြို့နယ်တွင်ဖြစ်ပွား

ဆိပ်ကမ်းမြို့နယ်တွင် ငါးဖမ်းသင်္ဘောမှ အလုပ်သမားနှစ်ဦး အိပ်ရာနှိုးသည့်ကိစ္စ ဖြင့် စကားများရန်ဖြစ်ပြီး ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီ ၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြစ် ညောင်တန်းဆိပ်ခံ ဗောတံတားတွင် ဆိုက်ကပ်နားထားသည့် မြ၀တ်မှုန် (၁) ငါးဖမ်းသင်္ဘောတွင် ငါးပုံးများ အတင်အချပြုလုပ်ရန်အတွက် လှေလုပ်သားများအား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကို…(၃၉)နှစ်က ဘဲလ်တီးနှိုးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဘဲလ်တီးနှိုးသည့်အချိန်တွင် အခြားအလုပ်သမားများမှာ အိပ်ရာမှနှိုးလာသော်လည်း စကျော်ဝင်းဌေး (၃၅) နှစ်သည် အိပ်ရာမှ မထခဲ့ကြောင်း၊ အိပ်ရာမထသဖြင့် အလုပ်သမားခေါင်းဆောင်ဖြစ်သူ ကို…(၃၉)နှစ်မှာ အခြားအလုပ်သမားဖြစ်သူ မျိုးဇင်ဦး (၂၅နှစ်)အား သွားနှိုးခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့သွားနှိုးသည့်အချိန်တွင် စကျော်ဌေးဝင်း (၃၅နှစ်) မှာ  အိပ်ရာမှထလာပြီး ၎င်းအား အိပ်ရာမှနှိုးသည့်ကိစ္စအား မကျေမနပ်ခဲ့ကြောင်း၊ ယင်းသို့ မကျေနပ်သဖြင့် ၎င်းအား အိပ်ရာလာနှိုးသည့် မျိုးဇင်ဦး (၂၅နှစ်) နှင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

စကားများရန်ဖြစ်သည့်အချိန်တွင် စကျော်ဌေးဝင်း (၃၅ နှစ်) အား မျိုးဇင်ဦး (၂၅ နှစ်) က ပိုက်ဖာသည့်ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ဓားဖြင့် အထိုးခံရသဖြင့် စကျော်ဌေးဝင်း (၃၅နှစ်) မှာ ရေထဲသို့ပြုတ်ကျသွားခဲ့သဖြင့် အခြားအလုပ်သမားများမှ ဆယ်ယူကြည့်သည့်အချိန်တွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲရင်အုံအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ၀ဲနောက်ကျော ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပိုက်ဖာသည့်ဓားဖြင့်ထိုးသူ မျိုးဇင်ဦး (၂၅နှစ်) အား ဆိပ်ကမ်းမြို့မရဲစခန်းက (ပ) ၂၆၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

January 1, 2018














Copy Protected by Chetan's WP-Copyprotect.