သိမ်ဇရပ်ကျေးရွာတွင် ကိုယ်ဝန်ခုနစ်လခန့်ရှိ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား

သိမ်ဇရပ်ကျေးရွာတွင် ကိုယ်ဝန်ခုနစ်လခန့်ရှိ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား
Published 8 August 2017

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာတွင် သြဂုတ် ၅ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ကိုယ်ဝန်ခုနစ်လခန့်ရှိ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သတင်းအရ သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ ရဲစခန်းမှ တင်အောင်စိုးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သိမ်ဇရပ်ကျေးရွာ ရွာလေးရပ်ကွက် (၃) လမ်းနေ မဂျူးဂျူး ၁၇ နှစ် (ဘ) ဦးလင်းအောင် ဖြစ်ကြောင်း၊ ၎င်းအား နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ ရက်မတန်းတွင် အရှည် ၁၀ ပေ၊ လုံးပတ် သုံးမူးခန့်ရှိ နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူ မဂျူးဂျူးသည် ၂၀၁၆ ခု နှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်နေ ရဲရင့် ၂၀ နှစ် (ဘ) ဦးစိုးဝင်းသန်းနှင့် လက်ထပ်ပြီး ရန်ကုန်မြို့တွင် နေထိုင်ခဲ့ကြောင်း၊ (၂၀၁၇) ခုနှစ် မေလတွင် ခင်ပွန်းဖြစ်သူနှင့် စကားများကာ ပေါင်းသင်းခြင်း မပြုတော့ဘဲ သိမ်ဇရပ်ကျေးရွာသို့ ပြန်လည် ရောက်ရှိနေထိုင်စဉ် မွေးလာမည့်ကလေးအား ရယူလိုခြင်းမရှိကြောင်း၊ စိတ်ညစ်ကြောင်း၊ မကြာခဏပြောဆိုတတ်ပြီး သြဂုတ် ၅ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ၎င်း၏ခုတင်အနီး၌ ဆွဲကြိုးချသေဆုံးနေသည်ကို အဘိုးဖြစ်သူ ဦးမြင့်အောင်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ မဂျူးဂျူး သေဆုံးမှုနှင့် ပတ်သက်ပြီး သိမ်ဇရပ်နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၇) ရေးဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း သိရသည်။

Writer : ဘိုဘိုမြင့်

Most Read

Most Recent