ခွေးနှစ်ကောင်ကိုက်နေသဖြင့် ဆိုင်ကယ်ရပ်တန့်ရာမှ ကားဖြင့်ဝင်တိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး

ခွေးနှစ်ကောင်ကိုက်နေသဖြင့် ဆိုင်ကယ်ရပ်တန့်ရာမှ ကားဖြင့်ဝင်တိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး
Published 27 November 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ကားလမ်းမပေါ်တွင် ခွေးနှစ်ကောင် ကိုက်နေသဖြင့် ဆိုင်ကယ်ရပ်တန့်ရာမှ ကားဖြင့်ဝင်တိုက်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ရန်ကင်းရပ်ကွက် အောင်မဟာလမ်း အသောကာရာမ ကျောင်းတိုက်ရှေ့တွင် သံလမ်းမှအရှေ့သို့ မအေးမြင့်စိုးမောင်းနှင်ပြီး နောက်မှလိုက်ပါလာသူ မနေခြည်ထက်လှိုင်တို့ စီးနင်းလာသော ၂၉ ယ/---- အဖြူရောင်ဆိုင်ကယ်သည် ရှေ့တွင် ခွေးနှစ်ကောင် ကိုက်နေသည်ကို မြင်တွေ့သဖြင့် အရှိန်လျော့ပြီး ဟန်ချက်ပျက်ကာ ဆိုင်ကယ်လဲကျနေစဉ် အရှေ့မှသံလမ်းဘက်သို့ ကိုဇော်မင်း ဦးမောင်းနှင်လာသည့် 2G/- - - - Faw အပြာရောင် မော်တော်ယာဉ်သည် ဆိုင်ကယ် လဲနေသူများအား မြင်သော်လည်း အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ရှေ့မှ စီးနင်းလာသူ မအေးမြင့်စိုး၏ဦးခေါင်းအား ကား၏နောက်ဘီးဖြင့် တိုက်မိခဲ့ခြင်းကြောင့် ဦးခေါင်းပွင့်ထွက်၊ ယာဘက် တံတောင်ဆစ် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသူသည် ဖောင်းပြင်မြို့ အင်ကြင်းမြိုင်ရပ်ကွက် နေသူဖြစ်ပြီး နောက်မှ စီးနင်းလိုက်ပါလာသူ မနေခြည်ထက်လှိုင်မှာမူ ထိခိုက်မှု တစ်စုံ တစ်ရာ မရခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို မုံရွာနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်မင်းဦးအား ယာဉ် (ပ) ၅၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent