မန္တလေးမြို့ ရွှေမန်းတောင်ဘောလုံးကွင်းတိုက်တန်းတွင် အမျိုးသားတစ်ဦး အသတ်ခံရမှုမှ ကျူးလွန်သူကို ဖမ်းဆီးရမိ

မန္တလေးမြို့ ရွှေမန်းတောင်ဘောလုံးကွင်းတိုက်တန်းတွင် အမျိုးသားတစ်ဦး အသတ်ခံရမှုမှ ကျူးလွန်သူကို ဖမ်းဆီးရမိ
Published 22 November 2017

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင် ဘောလုံးကွင်းတိုက်တန်းတွင် အမျိုးသားတစ်ဦးအသတ်ခံရမှု နိုဝင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့ရာ ကျူးလွန်သူကို နိုဝင်ဘာ၂၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိသည်။

“ကျူးလွန်သူကို အခင်းဖြစ်ပွားချိန်ကနေ တစ်ပတ်အတွင်း နိုဝင်ဘာ၂၁ ရက် နေ့လည်ကပဲ ဖမ်းဆီးရမိပါတယ်။ မိန်းမလျာအချင်းချင်း Sex ကိစ္စကနေ စကားများပြီး လူသတ်မှုဖြစ်တယ်လို့ သိရတယ်။ သေဆုံးသူက ပုလင်းကွဲနဲ့ထိုးတဲ့အတွက် သူကပြန်ပြီး လည်ပင်းထိုးလိုက်တဲ့ခါ ချက်ကောင်းထိပြီး သေဆုံးသွားတာပါ။ ဆိုင်ကယ်နဲ့ ငွေတွေယူသွားတာ။ သက်သေခံပစ္စည်းတွေရောအားလုံး သိမ်းဆည်းမိပါပြီ” ဟု အောင်မြေသာစံမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်လွင်က ဆိုသည်။

နိုဝင်ဘာ၂၁ ရက် မွန်းတည့် ၁၂ နာရီ ခန့်က လူသတ်မှုကျူးလွန်သူ စောကညာထူး (ခ)ကရင်လေး (၂၂နှစ်) ကို သေဆုံးသူ၏ဆိုင်ကယ်အား မောင်းနှင်လျက်တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ လမ်း ၈၀ နှင့် ၁၈ လမ်းထောင့်အရောက်တွင် ဆိုင်ကယ်ထားကာ ထွက်ပြေးခဲ့သောကြောင့် ဝိုင်းဝန်းလုံးထွေး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအား စစ်ဆေးရာ သေဆုံးသူ၏ ယာဉ်မောင်းလိုင်စင်၊ ပိုက်ဆံအိတ်တို့အားတွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ စိုင်းလုံး(၃၇)နှစ်မှာ မိခင်ဖြစ်သူနေအိမ်သို့ ထမင်းစားလာရောက်ခြင်း မရှိသဖြင့် ဖုန်းဆက်ခဲ့ကြောင်း၊ ထိုသို့ဖုန်းဆက်သော်လည်း စက်ပိတ်ထားသောကြောင့် သားဖြစ်သူ နေအိမ်သို့ ဆိုင်ကယ်ဖြင့် လာရောက်ကြည့်ရှုရာ သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကာ လည်ပင်းပြတ်ရှဒဏ်ရာ များဖြင့်သေဆုံးနေခြင်းကြောင့် သေဆုံးသူ၏မိခင်က တရားလိုပြုလုပ်ကာ အမှတ်(၂)နယ် မြေရဲစခန်းတွင် ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent