မုံရွာ တရားရုံးအချုပ်ခန်းမှ အချုပ်သားခုနစ်ဦး ထွက်ပြေးမှုဖြစ်ပွားပြီး သုံးဦး ပြန်လည် ဖမ်းမိ

မုံရွာ တရားရုံးအချုပ်ခန်းမှ အချုပ်သားခုနစ်ဦး ထွက်ပြေးမှုဖြစ်ပွားပြီး သုံးဦး ပြန်လည် ဖမ်းမိ
Published 1 November 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ တရားရုံးတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်က အချုပ်ခန်းအတွင်း ချုပ်နှောင်ထားသည့် အချုပ်သားခုနစ်ဦး ထွက်ပြေးခဲ့ပြီး သုံးဦး ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တရားရုံးအတွင်းရှိ အချုပ်ခန်းသည် သစ်သားများဖြင့် ပြုလုပ်ထားသည့်အတွက် ယင်းသစ်သားများကို သံဖြတ်လွှဖြင့် လှီးဖြတ်ကာ အချုပ်ခန်းအတွင်းမှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း ပြန်လည် ဖမ်းဆီးရမိခဲ့သည့် အချုပ်သားသုံးဦးသည် မူးယစ်ဆေးဝါးအမှုနှင့် ရင်ဆိုင်နေရသူနှစ်ဦးနှင့် မုဒိမ်းမှုဖြင့် ရင်ဆိုင်နေရသူတစ်ဦး စုစုပေါင်း သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

ပြန်လည်ဖမ်းဆီးရမိခဲ့သည့် အချုပ်သား သုံးဦးမှာ ရဲရင့်ထူး၊ ရဲနောင်နှင့် ကျော်စွာထွန်း တို့ဖြစ်ကြောင်း ရဲရင့်ထူး၊ ရဲနောင်နှင့်တို့နှစ်ဦးအား လျှပ်စစ်ရုံးဝန်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကျော်စွာထွန်းအား သစ် တောရုံးဝင်းထဲတွင် ပြန်လည် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။ အချုပ်အခန်းအတွင်းမှ ထွက်ပြေးပြီး ဖမ်းဆီးရမိခြင်း မရှိသေးသည့်အချုပ်သားများမှာ နောင်ရဲ၊ မယ(ပ)၁၄/၂၀၁၇၊ ၁၅/၁၉ (က)/၂၀၊ ဇော်မင်းနိုင် မယ(ပ)၂/ ၂၀၁၇၊ ၁၅/၁၆(က)၊ အောင်ပြည့်စုံဟန်း မယ(ပ) ၁၉/၂၀၁၆၊ ၁၅/၁၆(က)၊ တိုးနိုင်၊ မယ(ပ) ၁၂/၂၀၁၇၊ ၁၅/၁၉(က)တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent