သာရဝေါ-ကြည့်မြင်တိုင် (အစုန်) ရထားပေါ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

သာရဝေါ-ကြည့်မြင်တိုင် (အစုန်) ရထားပေါ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Published 30 October 2017

သာရဝေါ-ကြည့်မြင်တိုင် (အစုန်) ရထားပေါ်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ သာရဝေါ-ကြည့်မြင်တိုင် (အစုန်) ရထားတစ်စီးမှာ အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခန့်က မောင်းနေစဉ် ဖူးကြီးဘူတာနှင့် ဝါးနက်ချောင်း ဘူတာကြား အရောက် ရထားလုံခြုံရေး လိုက်ပါဆောင်ရွက်နေသည့် ဒုတပ်ကြပ် တင်ထွဋ်အောင်က လုံခြုံရေး ခေါင်းဆောင်ဖြစ်သူကို မချေမငံ ပြောဆိုစဉ် ဒုတပ်ကြပ် ရန်ပိုင်ထွန်းက ယင်းသို့ မပြောရန် ဝင်ရောက်ဟန့်တားခဲ့ကြောင်း သိရသည်။

ထိုသို့ ဟန့်တားသည့် ဒုတပ်ကြပ် ရန်ပိုင်ထွန်းကို ဒုတပ်ကြပ် တင်ထွဋ်အောင်က G-3 ဘက်နက်ဖြင့် ဦးစွာထိုးခဲ့ကြောင်း၊ ထိုသို့ ထိုးစဉ် ဒုတပ်ကြပ် ရန်ပိုင်ထွန်းက ယင်းဘက်နက်ကို လုယူ၍ ဒုတပ်ကြပ် တင်ထွဋ်အောင်အား ပြန်လည်ထိုးခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

ထိုသို့ထိုးခဲ့သဖြင့် ဒုတပ်ကြပ် တင်ထွဋ်အောင်မှာ ဆီးခုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ မျက်နှာပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ကာ လှော်ကားဘူတာ အရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent