ရန်ကုန်ဘူတာကြီးတွင် ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းမိ

ရန်ကုန်ဘူတာကြီးတွင် ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းမိ
Published 24 October 2017

ရန်ကုန်ဘူတာကြီးတွင် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၄၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၊ အထူးကင်းအဖွဲ့က ရန်ကုန်ဘူတာကြီးရှိ စြင်္ကံအမှတ်(၄)သို့ ဆိုက်ရောက်လာသော မော်လမြိုင်-ရန်ကုန် အစုန်ရထားအား သတင်းအရ ဝင်ရောက်စစ်ဆေးရာ 50 Kgs ဘေထုပ် ၁၂၇ ထုပ်၊ 100 Kgs ဘေထုပ် ၅၉ ထုပ်အား တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ဆက်လက်စစ်ဆေးရာ အဆိုပါ ပစ္စည်းများမှာ အကောက်ခွန်ပေးဆောင်ထားခြင်း မရှိသည့်အပြင် တရားဝင်စာရွက် စာတမ်းအထောက်အထား မတွေ့ရှိခဲ့သဖြင့် အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

“အဲဒီပစ္စည်းတွေရဲ့ ခန့်မှန်းတန်ဖိုးကတော့ ကျပ်သိန်း ၂၄၀ ကျော် ရှိပါတယ်။ အဲဒါတွေကို လေလံပြန်တင်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် ကျပ်သိန်း ၂၄၀ ထက်ကျော် မလားလျော့မလား အဲဒါကတော့ မသိသေးပါဘူး” ဟု အကောက်ခွန်ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပစ္စည်းများမှာ မော်လမြိုင်-ရန်ကုန်အစုန်ရထား အမှတ် (၃၆) တွင် ပါရှိလာခြင်းဖြစ်ပြီး တန်ဆာခပေးဆောင်ထားကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent