၁၄ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်သည့် ၁၉ နှစ်အရွယ် အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

၁၄ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်သည့် ၁၉ နှစ်အရွယ် အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်
Published 5 October 2017

၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်သည့် ၁၉ နှစ်အရွယ် အမျိုးသားကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၄ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ  ၂၂ ရက်က အမှုမှ တရားလို ဦး ....(၄၅ နှစ်) ၏ သမီးဖြစ်သူ မ... (၁၄ နှစ်)နေအိမ်၌ မရှိဘဲ ပျောက်ဆုံးနေသဖြင့် လိုက်လံ ရှာဖွေခဲ့ရာ သမီးဖြစ်သူ မ....မှာ ၎င်း၏ ရည်းစားဖြစ်သူ မောင်မောင်သန့် (၁၉ နှစ်) ဆိုသူနှင့် ထွက်သွားသည်ဟု စုံစမ်းသိရှိခဲ့ကြောင်း၊ ယင်းနောက် ထိုနေ့ ည ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် သမီးဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူကို ဝိုင်း၍ မေးမြန်းခဲ့ကြကြောင်း၊ သမီးဖြစ်သူ၏ပြောပြချက်အရ ၎င်းနှင့် မောင်မောင်သန့်တို့သည် ဂျန်းရှင်းစကွဲတွင် တရုတ်နဂါး သွား ကြည့်ခဲ့ကြောင်း၊ ထိုသို့ကြည့်ပြီးပြန်လာစဉ် ကမာရွတ်မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၏ ဘေးတွင် မောင်မောင်သန့်က ၎င်းကို သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ သည်ဟု ပြောပြခဲ့ကြောင်း၊ ယင်းကြောင့် မောင်မောင်သန့်အား အရေးယူပေးရန် မ...(၁၄ နှစ်) ၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့သည့်အမှုဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုအား ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ကိုးလကျော် စစ်ဆေးအပြီးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent