မူးယစ်ဆေးဝါးမှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးအား စိတ်ကြွဆေးပြားများ၊ ဓား၊ လေးခွတို့နှင့်အတူ မှော်ဘီ၌ ဖမ်းမိ

မူးယစ်ဆေးဝါးမှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးအား စိတ်ကြွဆေးပြားများ၊ ဓား၊ လေးခွတို့နှင့်အတူ မှော်ဘီ၌ ဖမ်းမိ
Published 30 September 2017

မူးယစ်ဆေးဝါး အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်ဦးအား စိတ်ကြွဆေးပြားများ၊ ဓား၊ လေးခွတို့နှင့် အတူ မှော်ဘီမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်က မှော်ဘီမြို့နယ် သဲကုန်းကျေးရွာ အုပ်စုတွင် မှော်ဘီမြို့မရဲစခန်းက မယ (ပ) ၁၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၂ (ခ) အမှုမှ တရားခံပြေးဖြစ်သူ ကုလား (ခ) ဇော်လင်းထွန်းသည် အဆိုပါ ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ဖမ်းဆီးရာ ၎င်းအား နေအိမ်ရှေ့ခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားနှစ်ခု၊ အရိုးအသွား လက်မ ၂၀ ခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊ လေးခွတစ်လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသူ ကုလား (ခ) ဇော်လင်းထွန်းအား မှော်ဘီမြို့မရဲစခန်းက မယ (ပ)၁၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၂ (ခ) ဖြင့် ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent