စိတ်ကြွဆေးပြား ၁၃၀၀၀၀ ကျော် မရမ်းကုန်းမြို့နယ်အတွင်း ဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၁၃၀၀၀၀ ကျော် မရမ်းကုန်းမြို့နယ်အတွင်း ဖမ်းဆီးရမိ
Published 30 September 2017

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၁၃၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ် ကွက် သီရိမွန်ပလာဇာဝင်း လုံးချင်းအိမ်ရာ သီရိမွန် ၁၀ လမ်းအတွင်း မောင်းနှင်လာသည့် ယာဉ်တစ်စီးအား မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန် (အရှေ့) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အဆိုပါယာဉ်ပေါ်၌ ယာဉ်မောင်း စိုင်းပြည့်ကျော်နှင့် သန်းအောင်ဆိုသူတို့အား တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ ယာဉ်၏ အလယ်ခန်းရှိ လက်ဆွဲအိတ် အတွင်းမှ ကျပ်သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀၀ နှင့် ဖုန်းနှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ သိမ်းဆည်းရမိခဲ့သဖြင့် သန်းအောင် (၅၆ နှစ်) နှင့် စိုင်းပြည့်ကျော် (၃၀ နှစ်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent