နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုသူနှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုသူနှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်
Published 28 July 2017

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုသူနှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မသုံးခုဖြင့် အောက်တိုဘာ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသက်ထွေးက  ရေဆင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက် ည ၁၁ နာရီက ဇေယျာသီရိမြို့နယ်အတွင်းရှိ လေသာ- ရေဆင်း လမ်းမကြီးပေါ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မကြားဝံ့ မနာသာအောင် အော်ဟစ်ဆဲဆိုခဲ့သူ လေသာကျေးရွာနေ ဦးဌေးမြင့်နှင့် ဦးအောင်မြင့်သန်းတို့အား အမှုဖွင့်အရေးယူပေးရန် ဦးသက်ထွေးက တရားလိုပြု တိုင်ကြားခဲ့ကြောင်း သိရသည်။

ဦးသက်ထွေးက “စက်တင်ဘာ ၂၂ ရက် ညအချိန်မတော်မှာ လမ်းပေါ်မှာ သုံးလေးခေါက်လောက် ဆဲဆိုနေတာကို အသံကြားတယ်။ သွားကြည့်တော့ မသိဘူး။ ဘယ်သူ  ဆဲဆိုမှန်းလည်း ကျွန်တော်မသိဘူး။ တစ်နေ့ကမှ သူတို့ဆဲမှန်းသိလို့ အခုလို အမှုဖွင့်တာပါ”  ဟု ပြောကြားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆဲဆိုခဲ့သူနှစ်ဦးအား နမစ (ရေဆင်း)(ပ) ၁၃၆/၁၆ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၅၀၀/ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Writer:
နေရိုင်း၊ ဇေယျာထွန်း

Most Read

Most Recent