မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကျပ် ၆၈ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို နေ့ခင်းကြောင်တောင် ခိုးယူသည့် အမျိုးသမီးအား ဖမ်းဆီး

မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကျပ် ၆၈ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို နေ့ခင်းကြောင်တောင် ခိုးယူသည့် အမျိုးသမီးအား ဖမ်းဆီး
Published 16 September 2017

ပြစ်မှုကျူးလွန်သူနှင့် သက်သေခံပစ္စည်းများအား တွေ့ရစဉ် (Photo: Yangon Police)

မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကျပ် ၆၈ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို နေ့ခင်းကြောင်တောင် ခိုးယူသည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက်နေ ဦး.... သည် (စ) ရပ်ကွက်ရှိ ၎င်း၏ ဖုန်းအရောင်းဆိုင်သို့ သွားရောက်ပြီး နေအိမ်တွင် ကျန်ခဲ့သည့် ဇနီးဖြစ်သူမှာလည်း လမ်းထိပ်ရှိ ထမင်းဆိုင်သို့ သွားရောက်ကာ နာရီပိုင်း အကြာတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဇနီးဖြစ်သူ နေအိမ်သို့ ရောက်ရှိစဉ် နေအိမ်အိပ်ခန်းတံခါး အောက်ပိုင်းတွင် ကာရံထားသော သုံးထပ်သားပြားမှာ ပေါက်ပြဲနေသည်ကို တွေ့ရသဖြင့် နေအိမ်ထဲသို့ ဝင်ရောက်စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်း ထည့်ထားသော ကျပ် ၆၈ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများမှာ ပျောက်ဆုံးနေသည်ကို တွေ့ရပြီး ခိုးယူသူအား စုံစမ်းဖမ်းဆီးပေးရန် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၁၀၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ခိုးယူသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ယင်းနောက် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားသည့် အိပ်ခန်းအတွင်း စစ်ဆေးခဲ့ပြီး ခုတင်ခြေရင်းအနီး တံခါးနံဘေးတွင် အညိုရောင်ကြယ်သီးတစ်လုံးကို တွေ့ရှိခဲ့ရသဖြင့် ၎င်းကြယ်သီးအား သဲလွန်စ အထောက်အထားအဖြစ် အခြေပြု စုံစမ်းခဲ့ကြောင်း သိရသည်။

စုံစမ်းရာ အဆိုပါ ကြယ်သီးတပ် ဝယ်ဆင်ခဲ့သည့် အင်္ကျီပိုင်ရှင်မှာ အခင်းဖြစ်နေအိမ် အောက်ထပ်တွင် နေထိုင်သည့် ဦး...၏ မရီးဖြစ်သူ သဲစုမွန် (၃၃ နှစ်) ၏ ဝတ်ဆင်သော အင်္ကျီဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က သဲစုမွန်အား မသင်္ကာသဖြင့် စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခွဲခန့်တွင် ဖမ်းဆီးစစ်ဆေးရာ ၎င်းသည် ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါ နေအိမ်အိပ်ခန်း သုံးထပ်သား တံခါးအောက်ခြေမှာ ဆွေးမြည့်နေသဖြင့် တွန်းကြည့်ရာ ပွင့်သွားသဖြင့် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ပြီး အိပ်ခန်းအတွင်း သော့ခတ်ထားသည့် သံသေတ္တာမှာ သော့ခတ်ထားသော်လည်း သံသေတ္တာအဖုံးကိုမ၍ လက်ဖြင့် နှိုက်ကြည့်ရာ ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ကော်ဘူးအား ရရှိခဲ့၍ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရွှေထည်ပစ္စည်းများအနက် အချို့ကို ပန်းဘဲတန်းမြို့နယ်ရှိ ရွှေထည်အရောင်းအဝယ်ဆိုင်တွင် ရောင်းချထားမှုနှင့် အချို့ကို နေအိမ်အောက်ထပ် ကွပ်ပျစ်အောက်တွင် သိုဝှက်ထားမှုတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent