မြစ်ကြီးနားမြို့တွင် လူငယ်တစ်ဦး ဂီတာဖြင့် အရိုက်ခံရပြီး သေဆုံး

မြစ်ကြီးနားမြို့တွင် လူငယ်တစ်ဦး ဂီတာဖြင့် အရိုက်ခံရပြီး သေဆုံး
Published 14 September 2017

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စက် တင်ဘာ ၁၂ ရက် ည ၁၂ နာရီဝန်းကျင်ခန့်က လူငယ်တစ်ဦးဂီတာဖြင့် အရိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ မောင်မျိုးကျော် (၁၉) နှစ်သည် မီးရထားတွင် ကုန်တင်ကုန်ချလုပ်ကိုင် သူတစ်ဦးဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် ရွှေဖြူဟိုတယ်အနီးရှိ သံလမ်းကူးအနီး ထမင်းဆိုင်တွင် စကားများရန်ဖြစ်ရာမှ ရိုက်နှက်ခံရသဖြင့် မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၂) နယ်မြေရဲ စခန်းမှူး ဒုရဲမှူး သိန်းဇော်က “လှည့်ကင်းရုပ်ဖို့ အချိန်လေးမှာဖြစ်တာ။ ဦးခေါင်းဘယ်ခြမ်း၊ မျက်ခုံးအထက်ကို ဂီတာနဲ့အရိုက်ခံရတာ။ တစ်ချက်တည်းပါပဲ။ ဆေးရုံပို့တော့ ဆုံးသွားတယ်။ ရိုက်တာက ကျူးလွန်သူရဲ့ ဂီတာတော့ မဟုတ်ဘူး။ အနားက လူငယ်အဖွဲ့ယူရိုက်တာ။ အဖွဲ့က ငါးယောက်လောက်ရှိတယ်။ တရားခံကိုမမိသေးဘူး။ ကိုရီးယား ဆံပင်ပုံစံလိုမျိုး တစ်ဖက်သိမ်းနဲ့ ဆံပင်အဖြူဆေးဆိုးထားတယ်။ KEPME ဆိုင်ကယ် (ဆိုင်ကယ်သေးသေး နောက်ဘီးကြီးကြီး) စီးတယ်။ ကျွန်တော်တို့ စုံစမ်းဆဲရှိပါသေးတယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြစ်ကြီးနား နယ်မြေရဲစခန်းတွင် (ပ) ၁၉၅/ ၂၀၁၇ ၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent