မိတ္ထီလာမြို့ ဓမ္မသုခကန်ဦး ရွှေစည်းခုံစေတီတော်ရင်ပြင်ရှိ အလှူခံပုံး ဖွင့်ဖောက်ခိုးယူသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ

မိတ္ထီလာမြို့ ဓမ္မသုခကန်ဦး ရွှေစည်းခုံစေတီတော်ရင်ပြင်ရှိ အလှူခံပုံး ဖွင့်ဖောက်ခိုးယူသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
Published 13 September 2017

မိတ္ထီလာမြို့ ဓမ္မသုခကန်ဦးရွှေစည်းခုံ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ အလှူခံပုံး ဖောက်ခိုးယူသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ကွက် မိတ္ထီလာ မြောက်ကန်အနီးရှိ ဓမ္မသုခကန်ဦး ရွှေစည်းခုံစေတီတော် ဂေါပကများက စေတီရင်ပြင်အား လုံခြုံရေးအတွက် လှည့်လည်စစ်ဆေးစဉ် ဘုရားတောင်ဘက်မုခ်ပေါက် အနီးရှိ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူခံပုံးအား ဖွင့်ဖောက်ခိုးယူနေသော အောင်ထက်မြတ် (၂၁ နှစ်) အား တွေ့ရှိသဖြင့် ဖမ်းဆီးကာ အမှတ် (၂) နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ)၂၃၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Most Read

Most Recent