လူငယ်ကစားသမား တမ်မီအေဘရာဟမ်အား တစ်ပတ် ပေါင်(၅၀၀၀၀)ဖြင့် ချယ်လ်ဆီး စာချုပ်သစ် ချုပ်ဆိုပြီး ဆွမ်ဆီးသို့ အငှားချ

ချယ်လ်ဆီးအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အား တစ်ပတ်လစာ ငွေ ပေါင်(၅၀၀၀၀)ဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး သူ့အား ဆွမ်ဆီးအသင်း သို့ အငှားချခဲ့ကြောင်း သိရှိရသည်။

ယင်းစာချုပ်အရ တမ်မီအေဘရာဟမ်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေမည်ဖြစ်သည်။ အေဘရာဟမ် သည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘောလုံး ရာသီကလည်း လိဂ်ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၈)ပွဲကစားရာ၌ (၂၆) ဂိုးအထိ သွင်းယူပေးနိုင် ခဲ့သူဖြစ်သည်။

ချယ်လ်ဆီးအကယ်ဒမီမှ ထွက် ပေါ်လာသော တမ်မီအေဘရာဟမ် သည် ချယ်လ်ဆီးအသင်းကြီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲသာ ကစား ခွင့်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းက သူ့ အား ပွဲကစားခွင့် အတွေ့ အကြုံ များ ရရှိစေရန်အတွက် ပုံမှန်ကစားခွင့်ရရှိ မည့်အသင်းများသို့ အငှားချထားခြင်း ဖြစ်သည်။

အေဘရာဟမ်သည် အင်္ဂလန် ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၁ အသင်းများ တွင် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်္ဂလန် ယူ-၂၁ အသင်းတွင် ပါဝင် ကစားခဲ့သူဖြစ်သည်။ ယင်းပြိုင်ပွဲတွင် သူ၏အင်္ဂလန် ယူ-၂၁ အသင်းမှာ ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်နှင့် လွဲခဲ့ရသည်။

အေဘရာဟမ်သည် ဘရစ္စတိုးလ်စီးတီးအသင်းတွင် ကစားစဉ် လိဂ်ချန်ပီယံရှစ်တစ်လတာအကောင်း ဆုံးဆုကို (၂)ကြိမ်ဆက် (၂၀၁၆ သြ ဂုတ်လနှင့် စက်တင်ဘာလ) ဆွတ်ခူးရရှိခဲ့ပြီး ဘရစ္စတိုးလ်စီးတီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစား သမားဆု၊ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု၊ အသင်း၏ဂိုးသွင်းအများဆုံးဆုများကို ရာသီကုန် တွင် ဆွတ်ခူးရရှိခဲ့သည်။

တူရကီကလပ် ဘာဆက်ဆီဟာအသင်းနှင့် ကလစ်ချီ ဆွေးနွေးနေ

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းစေ့၍ လမ်းခွဲခဲ့သော ပြင်သစ်နောက်ခံလူ ကလစ်ချီသည် တူရကီကလပ် ဘာဆက်ဆီဟာ အသင်းနှင့် ဆွေးနွေးလျက် ရှိနေကြောင်း သိရှိရသည်။

ကလစ်ချီသည် မန်စီးတီးအသင်းတွင် ၂၀၁၁ ခုနှစ်မှ စတင်၍ (၆)ရာသီကြာကစားခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ၎င်းအား
ပြင်သစ်လီဂူးကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ဘာဆက်ဆီဟာအသင်းသည် ပြီးခဲ့သည့်ရာသီက တူရကီလိဂ်ပြိုင်ပွဲ တွင် အဆင့်(၂)ရခဲ့ပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ခြေစစ်ပွဲ ၀င်ခွင့် ရရှိထားသည်။

လိုင်ယွန်နောက်ခံလူ မမ်မာနာကို လီဗာပူးလ် ကမ်းလှမ်း

လီဗာပူးလ်အသင်းသည် ပြင်သစ်ကလပ် လိုင်ယွန်အသင်း၏ နောက်ခံလူ အီမန်နျူယယ်မမ်မာနာ (၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး
ပေါင်(၁၄.၉)သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် အာဂျင်တီးနား လက်ရွေးစင်နောက်ခံလူ မမ်မာနာကို အသင်း၏ ပြင်သစ်နောက်ခံလူ ဆာခို၏ နေရာတွင်
အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် မမ်မာနာအတွက် သဘောတူညီမှုရရှိပါက ၎င်းအား တစ်ပတ်လစာ ငွေ ပေါင်(၅၄၀၀၀)ဖြင့် (၅)နှစ်စာချုပ်ချုပ်ဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မမ်မာနာသည် ပြီးခဲ့သည့် ၂၀၁၆ နွေရာသီက ရေးဗားပလိတ် အသင်းမှ လိုင်ယွန်အသင်းသို့ ရောက်ရှိလာသူဖြစ်သည်။

မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို ယူရို သန်း(၃၀)၀န်းကျင်ဖြင့် ရီးယဲလ်အသင်း ခေါ်ယူ

ရီးယဲလ်အသင်းသည်မက်ဒရစ်မြို့ခံပြိုင်ဘက်အက်သလက်တီကိုအသင်းမှ
ပြင်သစ်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို
ယူရို သန်း(၃၀)၀န်းကျင်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်။
အသက် (၁၉)နှစ်အရွယ် သီယိုဟာနန်ဒက်ဇ်သည် အက်သလက်တီကိုအသင်းသို့အသက် (၁၁)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့သော်လည်းရာသီကြိုခြေစမ်းပွဲစဉ်အချို့မှလွဲ၍ အက်သလက်တီကိုအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ဘောလုံးရာသီ၌ သီယိုဟာနန်ဒက်ဇ်သည် အလာဗတ်စ်အသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်သဖြင့် ဥရောပကလပ်အသင်းများ၏မျက်စိကျခြင်းကိုခံခဲ့ရသည်။
အက်သလက်တီကိုအသင်းသည် သီယိုဟာနန်ဒက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားဖြစ်သူက ငြင်းပယ်ခဲ့ပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အက်သလက်တီကိုအသင်းက ကြေညာခဲ့သည်။
လာမည့် ဇူလိုင်လ (၁၀)ရက်(တနင်္လာနေ့)၌ သီယိုဟာနန်ဒက်ဇ်သည် ဘာနေဗျူးကွင်းတွင် ရီးယဲလ်အသင်းသားအဖြစ် တရားဝင်မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
သီယိုဟာနန်ဒက်ဇ်၏ ဖခင်ဖြစ်သူ ယန်းဟာနန်ဒက်ဇ်သည် တူးလူး၊ မာဆေးလ်နှင့် အက်သလက်တီကိုအသင်းများတွင် ကစားခဲ့ဖူးသလို၊ ၎င်း၏ အစ်ကိုဖြစ်သူလူးကပ်စ်ဟာနန်ဒက်ဇ်သည်လည်း အက်သလက်တီကိုအသင်းတွင် ကစားခဲ့ဖူးသည်။
ရီးယဲလ်အသင်းသည် အသင်းမှ ဘရာဇီးလ်ဘယ်နောက်ခံလူ မာဆယ်လို၏နေရာတွင်ကာလရှည်အစားထိုးရန်အတွက် သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။