စက်သုံးဆီဈေး သုံးလခွဲကျော်အတွင်း ၁၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများ အဖြစ် 92 Ron ၁၀၂၅ ကျပ်၊ 95 Ron ၁၀၇၅ ကျပ်၊ ဒီဇယ် ၁၀၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၆၅ ကျပ်အထိ မြင့်တက်

စက်သုံးဆီဈေး သုံးလခွဲကျော်အတွင်း ၁၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများ အဖြစ် 92 Ron ၁၀၂၅ ကျပ်၊ 95 Ron ၁၀၇၅ ကျပ်၊ ဒီဇယ် ၁၀၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၆၅ ကျပ်အထိ မြင့်တက်
Published 22 September 2018

ဒေါ်လာဈေးခုန်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်း သုံးလခွဲကျော်ကာလအတွင်း ၁၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာစံချိန်တင် ဈေးနှုန်းများအနေဖြင့် 92 Ron ၁၀၂၅ ကျပ်၊ 95 Ron ၁၀၇၅ ကျပ်၊ ဒီဇယ် ၁၀၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၆၅ ကျပ် အထိဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ်သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၁၀၅၅ (တစ်ဂါလန် ၄၇၈၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၁၀၆၅ (တစ်ဂါလန် ၄၈၃၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၂၅ (တစ်ဂါလန် ၄၆၅၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၇၅ ကျပ် (တစ်ဂါလန် ၄၈၈၀ ကျပ်) ဖြစ် သည်။ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ် သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက သုံးလခွဲ ကျော် အတွင်း ဒီဇယ် ၁၅ ဒသမ ၉၃ ရာခိုင်နှုန်း၊ ပရီ မီယံဒီဇယ် ၁၅ ဒသမ ၁၃ ရာ ခိုင်နှုန်း၊ 92 Ron ၁၆ ဒသမ ၄၇ ရာခိုင်နှုန်း၊ 95 Ron ၁၅ ဒသမ ၅၉ ရာခိုင်နှုန်းဈေးမြင့်တက်ခဲ့ ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာမြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက် တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ် သည်ဟု စက်သုံးဆီတင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ဈေးနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ကိုးရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးသည် သုံးလကျော်အတွင်း ၂၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော စက်တင်ဘာ ၂၀ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price  များမှာ 92 Ron ၈၈ ဒသမ ၁၇ ဒေါ်လာ၊ 95 Ron ၉၀ ဒသမ ၂၇  ဒေါ်လာ၊ ဒီဇယ် ၉၃ ဒသမ ၀၄ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၄ ဒသမ ၁၈  ဒေါ်လာတို့ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် စက်သုံးဆီ လက်လီဈေးများမှာ  ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်ဈေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ဝန်းကျင်အတွင်း ဒီဇယ် ၁၁၁  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၉၇ ရာခိုင်နှုန်း၊ 92 Ron ၈၆ ရာခိုင်နှုန်း၊ 95 Ron ၆၅ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent