ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၀၀ အောက်ဆက်ရှိပြီး ဒေါ်လာဈေးမြင့်မားမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်သစ်အဖြစ် ကျပ် ၁၀၀၅၅၀၀ အထိဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၀၀ အောက်ဆက်ရှိပြီး ဒေါ်လာဈေးမြင့်မားမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း စံချိန်သစ်အဖြစ် ကျပ် ၁၀၀၅၅၀၀ အထိဆက်လက်မြင့်တက်
Published 18 September 2018

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၈ ရက်တွင် ၁၁၉၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးမြင့်မားမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၀၅၅၀၀ အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင်  ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက် တိုက်စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၈၉၂၀၀၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၉၉၃၂၀၀၊ စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၉၉၆၂၀၀၊ စက်တင်ဘာ ၁၇ ရက်တွင် ကျပ် ၉၉၈၅၀၀၊ စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၀၅၅၀၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင်  ကျပ်  ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ်  ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၁၈ ရက်တွင် ကျပ် ၁၀၀၅၅၀၀ ဖြင့် ဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ်  ၉၃၄၁၀၀ ( ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်)တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄၊ မေ တွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈၊ သြဂုတ် ၁၁၇၄- ၁၂၂၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာ ဟချက်ဒေါ်လာ ၃၀ ဝန်းကျင်မှ ၅၀ ကျော် အထိရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ဆန်းမှစ၍ အကျပိုင်းသို့ရောက်လာပြီး  သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ် လာဝန်းကျင် အထိကျဆင်းခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၂၀၆ ဒေါ်လာ၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၁၉၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent