၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ၂၆ ဘီလျံကျော်သာရှိကြောင်း သိရ

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ၂၆ ဘီလျံကျော်သာရှိကြောင်း သိရ
Published 16 September 2018

ရန်ကုန်မြို့တွင် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံအထိ ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ  ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ ၂၆ ဘီလျံကျော် သာရှိကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မှု (International Investment Position) အခြေအနေ စာရင်းအရ သိရသည်။

“မြန်မာနိုင်ငံရဲ့ FDI Actual စာရင်းတွေ အနေအထားကိုကြည့်ရင် Transaction အပိုင်းကိုကြည့်ရင် ၄ ဘီလျံတို့ ၃ ဒသမ ၅ ဘီလျံတို့ နှစ်အလိုက်မှာ Actual စာရင်းတွေ ပိုတက်လာတယ်။ စုစုပေါင်းဆိုရင် ၂၆ ဘီလျံရှိတယ်။ ဒါက Permit နဲ့တော့ ချိန်ထိုးလို့မရဘူး။ Exisiting နဲ့ဆိုရမယ်။ Exisiting က ၆၀ဘီလျံကျော်ရှိတယ်။ ဘာလို့လဲဆိုရင် ဥပမာ- စွမ်းအင်စီမံကိန်းတွေ ဆိုပါတော့။ သူက စမ်းသပ်ကာလမှာတင် ပျက်သွားတာတွေ ရှိတယ်လေ။ ဆိုတော့ ပါမစ်ပြန်အပ်တဲ့ အပိုင်းတွေရှိတယ်။ တချို့လည်း မအပ်သေးတာတွေရှိတယ်။ ဆိုတော့ Actual ဝင်တာက ၂၆ ဘီ လျံကျော်ရှိတယ်။ တစ်နှစ်ချင်း ဝင်တာကို ကြည့်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ က ၃ ဒသမ ၅ ဘီလျံနဲ့ အထက်တွေချည်း ပုံမှန်ဝင်နေတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေမှာ အရေးကြီးသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် EU-ASEAN Compass Program တို့နှင့်ပူးပေါင်းပြီး Pilot Survey ကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး FDI Annual Survey ကိုကောက်ယူနိုင်ခဲ့ကာ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကိန်းဂဏာန်းများကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှန်ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၀၃၇၄ ဒသမ ၈၈ သန်းရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၄၀ နီးပါးရှိသည်။ တယ်လီကွန်းကဏ္ဍတွင် ဒေါ်လာ ၄၄၃၀ ဒသမ၂၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၈၁ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၂၈၁၂ ဒသမ ၀၇ သန်းဖြင့် စုစုပေါင်း၏ ၁၀ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။

Power Generation ကဏ္ဍတွင် ဒေါ်လာ ၁၇၁၈ ဒသမ ၆၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၁၃၇၈ သန်းဖြင့်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဟိုတယ်ကဏ္ဍတွင် ဒေါ်လာ ၉၅၈ ဒသမ ၇၉ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ Services excl. Banking ကဏ္ဍတွင် ဒေါ်လာ ၉၄၆ ဒသမ ၈၄ သန်းဖြင့် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၃ ၈ဒသမ ၅၅ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂ ဒသမ ၀၄ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ဒေါ်လာ ၂၃၅ ဒသမ ၃၂ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Financial Services excl.banks တွင် ဒေါ်လာ ၁၉၃ ဒသမ ၉၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ လေဆိပ်နှင့် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၀ ဒသမ ၈၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ဒေါ် လာ ၄၇ ဒသမ ၂၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၈ ရာခိုင်နှုန်း၊ စက်မှုဇုန် တည်ဆောက်ရေး ကဏ္ဍ၌ ဒေါ်လာ ၄၃ ဒသမ ၆၁ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍတွင် ဒေါ်လာ ခြောက်သန်းကျော် ဝင်ရောက်ထားသည်။

 

Most Read

Most Recent