<

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၆၀၀၀ အထိ ရောက်လာပြီး စံချိန်တင်ဈေးကိုမီရန် ကျပ် ၁၀၀၀ ကျော်သာလို

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁၆ ရက်တွင် ၁၁၇၇ ဒေါ်လာဝန်းကျင်အထိ ဆက်လက် ကျဆင်းသွားသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၆၀၀၀ အထိ ရောက်လာပြီး စံချိန်တင်ဈေးကိုမီရန် ကျပ် ၁၀၀၀ ကျော်သာလိုကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၉၃၈၀၀၀ ၀န်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်န၀ါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ မေ ၃၁ ရက်တွင် ၉၃၄၇၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၇ ရက်တွင် ၉၃၇၀၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၁၆ ရက်တွင် ကျပ် ၉၅၆၀၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက မေလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၂၂ ၀၀ (မေ ၁ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃-၁၃၅၄ ဒေါ်လာ၊ မေတွင် ၁၂၈၈-၁၃၁၉ ဒေါ်လာ၊ ဇွန် တွင် ၁၂၅၂-၁၂၉၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ၀န်းကျင်မှ ၅၀ ကျော်အထိ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ ရောက်လာပြီး သြဂုတ် ၁၆ ရက်တွင် ၁၁၇၇ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့သည်။

August 16, 2018














Copy Protected by Chetan's WP-Copyprotect.