ကမ္ဘာ့ရွှေဈေးဆက်ကျသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေးဆက်ကျသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်
Published 14 August 2018

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁၃ ရက်တွင် ၁၂၀၄ ဒေါ်လာဝန်းကျင်အထိ ဆက်လက်ကျဆင်းသော်လည်း ဒေါ်လာဈေးမြင့်မားနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၀၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ မေ ၃၁ ရက်တွင် ၉၃၄၇၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇွန် ၂၇ ရက်တွင် ၉၃၇၀၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၉၅၀၂၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက မေလအတွင်း ပြည်တွင်း ရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၁၈၀၀ (မေ ၂၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၂၂ ၀၀ (မေ ၁ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းကျပ် ၉၃၄၁၀၀ (ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်းကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃-၁၃၅၄၊ မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂-၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၇ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ ရောက်လာပြီး သြဂုတ် ၁၃ ရက်တွင် ၁၂၀၄ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent