၂၀၁၈ ခုနှစ် မေတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

၂၀၁၈ ခုနှစ် မေတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်
Published 13 June 2018

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်း ကျော်သာဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာရင်းများအရ သိ ရသည်။ ၂၀၁၇ ခုနှစ် မေလတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့် မေလတို့တွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၄ ဒသမ ၆၃၅ သန်း၊ အိမ်ရာအဆောက် အအုံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊  စက်မှုဇုန် တည်ဆောက်မှုကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁၀၃ ဒသမ ၂၈၈ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၂၇၃ သန်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဒေါ်လာ ၁၄၉ ဒသမ ၂၀၇ သန်း ဝင်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၀၇၄ ဒသမ ၃၇၇ သန်းရှိပြီး မေလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၁၇၆ ဒသမ ၄၈၅ သန်းရှိသဖြင့် မေလတစ်လတည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ ဒသမ ၁၀၈ သန်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် တွင် တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံးဖြစ် ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အ မျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဖြင့်တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှု အဖြစ်သို့  ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည်စိစစ်နိုင်ရေး၊ လုပ်ငန်းထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့်ကုန်ထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှုမူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV)၊ စီးပွား ရေးကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

Most Read

Most Recent