ကျန်ရှိအစိုးရ သက်တမ်းအတွင်း နိုင်ငံ၏ ငွေကြေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည့်စုံခိုင်မာသည့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖော်ဆောင်ရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှု ဘဏ်ပိုင်းဆိုင်ရာ စနစ်များ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟုဆို

ကျန်ရှိအစိုးရ သက်တမ်းအတွင်း နိုင်ငံ၏ ငွေကြေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည့်စုံခိုင်မာသည့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖော်ဆောင်ရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှု ဘဏ်ပိုင်းဆိုင်ရာ စနစ်များ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟုဆို
Published 28 March 2018

မတ် ၂၇ ရက်က ပြုလုပ်သည့် “မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း” အခမ်းအနားကို တွေ့ရစဉ်

ကျန်ရှိနေသည့် အစိုးရသက်တမ်းအတွင်း နိုင်ငံ၏ ငွေကြေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည့်စုံခိုင်မာသည့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖော်ဆောင်ရန် လိုအပ်ပြီး Commercial Bank စနစ်မှ ရင်းနှီးမြှုပ်နှံမှု ဘဏ်ပိုင်းဆိုင်ရာစနစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ် ၂၇ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် “မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် ခြင်း” အခမ်းအနားမှ သိရသည်။

“ငွေကြေးကဏ္ဍကို ဖွံ့ဖြိုးဖို့ နံပါတ် (၁) အန်ကယ်အနေနဲ့ ဦးစားပေးတာကတော့ စည်းမျဉ်းစည်း သဘောကတော့ စည်းမျဉ်းစည်းကမ်းတွေ ခိုင်မာတောင့်တင်းလာအောင် လုပ်ရမယ်။ ပြည့်စုံအောင်လည်း လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးကဏ္ဍက အရမ်းထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်တယ်။ Institution တစ်ခုဝင်လာမယ်။ သူလည်းသူ့ကို ဘယ်လိုထိန်းကြောင်းမလဲဆိုတာ ဘယ်လိုလုပ်ငန်းတွေလုပ်မလဲ ဘယ်လိုကြည့်ကြမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းလိုတယ်။ အခုဆိုရင် Internet Banking တွေ Mobile Banking တွေ ဘယ်လိုထိန်းကြောင်းရမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဝန်ဆောင်မှုတစ်ခု တိုးလာတယ်။ ဝန်ဆောင်မှုကို ဘယ်လိုထိန်းကြောင်းရမလဲဆိုတဲ့ စည်းမျဉ်းတွေ ဒီစည်းမျဉ်းစည်းကမ်းတွေကို သွက်သွက်လက်လက် ဖွံ့ဖြိုးအောင်လုပ်ရမယ်” ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ(ငြိမ်း) ဦးသန်းညိန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

လက်ရှိအချိန်တွင် Commercial Banking (ကူးသန်းရောင်းဝယ်ရေးဘဏ်) စနစ်မှ ငွေကြေးအရင်းအနှီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်စနစ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

“အခုက Commercial Bank တွေများတယ်။ ငွေကြေးကဏ္ဍမှာ ငွေကြေးဖြည့်ဆည်းပေးတဲ့ တချို့ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံမှု ဘဏ်ပိုင်းဆိုင်ရာတွေရှိတယ်။ ဒီလိုဟာမျိုးတွေလည်း လာဖို့လိုတယ်။ အန်ကယ်တို့ဆီမှာ ဒါမျိုးတွေက ဘယ် Market မှာလည်းဆိုတော့ Capital Market မှာ ရန်ကုန်စတော့ အိတ်ချိန်းနဲ့ ပတ်သက်တဲ့ Capital Market မှာ ဒါတွေက ပါခဲ့မယ်ဆိုရင် သို့သော် ဒီ Capital Market ကြီးကလည်း မဖွံ့ဖြိုးသေးဘူး။ ဖွံ့ဖြိုးဖို့ကလည်း သူ့အတွက် ညွှန်ကြားချက် အမိန့်တွေ စည်းကမ်းတွေ အများကြီးလုပ်ရမှာ။ ဒီဟာတွေဖွံ့ဖြိုးလာအောင် ဦးစားပေးလုပ်ရမယ့် ဟာတွေပဲ” ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းညိန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ဘဏ္ဍာရေး ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ပါက အမီလိုက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

“Payment System ဖွံ့ဖြိုးမှုအပိုင်းမှာ တိုးတက်လာပါတယ်။ ဒါကတော့ စီးပွားရေးစနစ် ငွေကြေးစနစ်ရဲ့ အခြေခံ အဆောက်အအုံပါ” ဟု ဦးသန်းညိန်းက ပြောကြားသည်။

 

Most Read

Most Recent