ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၉ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၉ ကျပ်အထိ မြင့်တက်
Published 18 March 2018

မတ် ၁၆ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အထက်ဖြင့် ဈေးပိတ်ခဲ့ပြီး မတ် ၁၇ ရက်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၉ ကျပ် အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ အောက်တိုဘာတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာတွင် ၁၃၅၆-၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊  ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် ၁၃၅၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၁၃၄၀၊ ဇန်နဝါရီ ၂၃ ရက်တွင် ၁၃၃၅ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၃၃၂ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၂၉ ကျပ်၊ ဇန်နဝါရီ ၂၆ ရက် တွင် ၁၃၂၇ ကျပ်၊ ဇန်နဝါရီ ၂၇ ရက်တွင် ၁၃၂၅ ကျပ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၁၃၂၃ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ၁၃၂၉ ကျပ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ၁၃၂၃ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ၁၃၂၈ ကျပ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၁၃၃၂ ကျပ်အထိ ပြန်တက်ခဲ့ကာ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၇ ရက်အထိ ၁၃၂၆-၁၃၂၉ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

Most Read

Most Recent