ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၈ ကျပ် ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ပွိုင့် ၉၀ အောက်ပြန်ရောက်ပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၈ ကျပ် ဝန်းကျင်ရှိနေ
Published 4 March 2018

မတ် ၂ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ပွိုင့် ၉၀ အောက်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး မတ် ၃ ရက်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၂၈ ကျပ်ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် သုံးနှစ်ကျော်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၂၅ ရက်တွင် ၈၈ ဒသမ ၆၃ ပွိုင့်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၂၅ နှင့် ၃၁ ရက်တွင် ၈၉ ပွိုင့်အောက်သို့ရောက်ခဲ့ကာ ဖေဖော်ဝါရီ ၅ ရက်တွင် ၈၉ ပွိုင့်အထက်၊ ဖေဖော်ဝါရီ ၈၊ ၂၂၊၂၇ ရက်တို့တွင် ပွိုင့် ၉၀ အထက်တက်ပြီး မတ် ၂ ရက်တွင် ပွိုင့် ၉၀ အောက် ပြန်ဆင်းခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင် လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊  ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ် တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက်အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းတွင် ဒေါ်လာဈေး ၁၃၂၈ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ၁၃၂၉ ကျပ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ၁၃၂၃ ကျပ်ဝန်းကျင် ရှိခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၁ ရက် တွင် ၁၃၂၈ ကျပ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၁၃၃၂ ကျပ်အထိ ပြန်တက်ခဲ့ကာ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃ ရက် အထိ ၁၃၂၈-၁၃၂၉ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

Most Read

Most Recent