ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၁ ပွိုင့်အောက်သာ ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၁၃၄၀ အထိကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၁ ပွိုင့်အောက်သာ ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၁၃၄၀ အထိကျဆင်း
Published 21 January 2018

ဇန်နဝါရီ ၁၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၁ ပွိုင့်အောက်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၁၃၄၀ အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် သုံးနှစ်အတွင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်နဝါရီ ၁၈ ရက်တွင် ၉၀ ဒသမ ၀၁ ပွိုင့် အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော  ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက် တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် စဆင်းခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် ၉၁ ပွိုင့် အောက်သို့ ဆက်ဆင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၇၀ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများ ဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်တွင် ၁၃၅၉ ကျပ်အထိဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ၂၁ ရက်တွင် ၁၃၅၈ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၅၆ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၂ ရက်တွင် ၁၃၅၃ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိဆက်ကျခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ကျပ် ၁၃၅၀ အထိ ပြန်တက်ခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ၁၃၄၇ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၃၄၇ ကျပ်အထိပြန် လည်မြင့်တက်ခဲ့ကာ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၁၃၄၀ အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်နဝါရီ ၁၉ ရက်၌ တစ်ဒေါ်လာ ၁၃၄၆ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။