ကမ္ဘာ့ရွှေဈေး ၁၂၉၃ ဒေါ်လာဝန်းကျင် ဆက်ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၄၅၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေး ၁၂၉၃ ဒေါ်လာဝန်းကျင် ဆက်ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၄၅၀၀ ဝန်းကျင်ရှိနေ
Published 29 November 2017

နိုဝင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၉၃ ဒေါ်လာဝန်းကျင် ဆက်လက်ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးနှုန်း ကျပ် ၉၃၄၅၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ၉၃၆၀၀၀ အထိရောက်ရှိခဲ့ကာ နိုဝင်ဘာ ၂၈ ရက်တွင် ကျပ် ၉၃၄၅၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ၁၂၈၆ ဒေါ်လာ အထိကျဆင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent