ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် လက်ဝယ်ရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၂၁ ခု ရောင်းချမည်

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် လက်ဝယ်ရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၂၁ ခု ရောင်းချမည်
Published 29 July 2017

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်လက်ဝယ်ရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၂၁ ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်ရှိရောင်းချမည့် မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ခုနှင့် မန္တလေးတိုင်းဒေသကြီးတွင် သုံးခု ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းချမည့် မြေနှင့် အဆောက်အအုံ ခြောက်ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (ဇ) မြောက်ရပ်ကွက် လေးဒေါင့်ကန်လမ်း အမှတ် (၂၅၈-က) မြေကွက်အမှတ် (၃၇/က- ၁) ရှိ RC နှစ်ထပ်တိုက် (၀ ဒသမ ၂၀၃ ဧက)၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (၁၆/၂) ရပ်ကွက် သီရိဂုဏ်အိမ်ရာ မြေကွက်အမှတ် (၅/၃၄) ရှိ အဆောက်အအုံ (၀ ဒသမ ၁၂၂ ဧက)၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်း အမှတ် (၁၉၈) မြေကွက်အမှတ် (၃-က)၊ (၄-က) ရှိ RC တစ်ထပ် (၀ ဒသမ ၇၅၁ ဧက)၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေ တောင်ကြား (၁) ရပ်ကွက် သံလွင်လမ်း အမှတ် (၉၂/၁) မြေကွက်အမှတ် (၉၁ K/၁ A) ရှိ RC သုံးထပ်တိုက် (၀ ဒသမ ၀၆၅ ဧက )၊ ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ် စောရန်ပိုင် တောင်ရပ်ကွက် ငုဝါလမ်း အမှတ် (၉၆) မြေ (၂၆×၅၀) ပေ တစ်ထပ်အုတ်ညှပ်တိုက် (၀ ဒသမ ၀၃၀ ဧက) နှင့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၈) ရပ်ကွက် (၄၁) လမ်း၊ အမှတ် (၉၆) ရှိ မြေနှင့် ဂိုဒေါင် အဆောက်အအုံ (၀ ဒသမ ၁၇၂) ဧကတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရောင်းချမည့် မြေကွက်နှစ်ကွက်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၂) ရပ်ကွက် မြေတိုင်း (၂၉) မြို့ပတ် (၆) လမ်း အမှတ် (၃၁၀) မြေကွက် (၀ ဒသမ ၀၈၂ ဧက) နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၃၉) လမ်း အမှတ် (၄၂/၄၄) ရှိ မြေကွက် (အဆောက်အအုံမှာ ပျက်စီး) တို့နှင့် တိုက်ခန်းရှစ်ခန်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် ရောင်းချမည့် မြေနှင့်အဆောက်အအုံ သုံးခုမှာ မဟာအောင်မြေမြို့နယ် စြင်္ကာနွယ်စဉ် ရပ်ကွက် (၃၇×၇၄) လမ်းထောင့် အမှတ် (၂၅၉) အကွက်အမှတ် (၆၈၄) ဦးပိုင်အမှတ် (၁၂-ဃ) ရှိ နံကပ်နှစ်ထပ်တိုက်၊ ကားဂိုဒေါင် တွဲလျက် တစ်ထပ်နံကပ်တစ်လုံး (၀ ဒသမ ၀၄၇၃)၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက် (၅၅) လမ်း (၄၀×၄၁) လမ်းကြား၊ အကွက်အမှတ် (မ-၄၇)၊ ဦးပိုင်အမှတ် (၇၈) ရှိ RC နှစ်ထပ်တိုက် (၀ ဒသမ ၁၄၆၉) နှင့် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ (၇၃) လမ်း၊ (၂၉×၃၀) ကြား၊ အကွက်အမှတ် (၇၁၅)၊ ဦးပိုင် အမှတ် (၄၂၊ ၄၃၊ ၄၄) ရှိ RC ငါးထပ်တိုက်နှင့် ဂိုဒေါင်တစ်လုံး (၀ ဒသမ ၀၉၃၇) တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောင်းချမည့် နေရာများမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၈)၊ ကွင်းအမှတ်(၈၄၆)၊ ဦးပိုင် အမှတ် (၁၆၄၃)၊ အိမ်အမှတ် (၄၄)၊ နံကပ် နှစ်ထပ်တိုက်နှင့်တွဲလျက် RC သုံးထပ်တိုက် တစ်လုံး (၀ ဒသမ ၀၉၁) နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ (၇)၊ အောင်သိဒ္ဓိလမ်းနှင့် ဧကရာဇ်လမ်းထောင့်၊ အကွက်အမှတ် (၇၂)၊ ဦးပိုင် အမှတ် (၆၄)ရှိ အုတ်စီတစ်ထပ်နံကပ်၊ သွပ်မိုး၊ ပျဉ်ခင်းအဆောက်အအုံ ရှေ့မျက်နှာစာ ပရပ်ခန်း (၀ ဒသမ ၀၆၉) တို့ဖြစ်ကြောင်း သိရသည်။

Writer: ဖြိုးဝေ

Most Read

Most Recent