ကမ္ဘာ့ရွှေဈေး ၁၂၇၈ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ ဝန်းကျင်အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ၁၂၇၈ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ ဝန်းကျင်အထိ ကျဆင်း
Published 29 September 2017

စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၇၈ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၀၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက် ရှိခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၉၄၇၉၀၀ အထိ ကျဆင်းခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၉၅၁၀၀၀ အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၉၄၂၅၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ကျပ် ၉၄၀၈၀၀၊ စက်တင်ဘာ ၂၄ ရက်တွင် ကျပ် ၉၃၉၉၀၀၊ စက်တင်ဘာ ၂၅ ရက်တွင် ကျပ် ၉၃၇၈၀၀ အထိ ဆက်တိုက်ပြန်လည် ကျဆင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် ကျပ် ၉၄၇၄၀၀ အထိ မြင့်တက်ခဲ့ကာ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၉၃၆၅၀၀၊ စက်တင်ဘာ ၂၈ ရက်တွင် ကျပ် ၉၃၀၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့်လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်)၊ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေ ဈေးအနိမ့်ဆုံးဈေးနှုန်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ဖြစ်သည်။ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြ ဂုတ်၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့် အထိ ကွာခြားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်း ကွာဟချက်သည် ဒေါ်လာ ၅၀ ကျော် ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာဝန်းကျင် ကွာဟခဲ့သည်။ သြဂုတ်လ အတွင်း၌လည်း အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာဖြစ်ခြင်းကြောင့် ၆၇ ဒေါ်လာ အတက်အကျ ဖြစ်ပေါ်ခဲ့သည်။ သြဂုတ်လအတွင်း မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးနှုန်းသည် စက်တင်ဘာလ အတွင်း၌လည်း ဈေးနှုန်းအတက်အကျများ ဆက်လက်ဖြစ်ပေါ်နေသည်။

Most Read

Most Recent