ကမ္ဘာ့ရွှေဈေး ၁၂၈၉ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၆၀၀၀ ကျော်သို့ ပြန်ရောက်

ကမ္ဘာ့ရွှေဈေး ၁၂၈၉ ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၆၀၀၀ ကျော်သို့ ပြန်ရောက်
Published 28 September 2017

စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေး  ၁၂၈၉  ဒေါ်လာအထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၆၀၀၀ ကျော် သို့ပြန်ရောက်ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာ လလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက် ရှိခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက်တွင် ၉၄၇၉၀၀ အထိ ကျဆင်းခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် ၉၅၁၀၀၀ အထိ ပြန်တက်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် ကျပ် ၉၄၂၅၀၀၊ စက်တင်ဘာ ၂၂ ရက်တွင် ၉၄၀၈၀၀၊ စက်တင်ဘာ ၂၄ ရက်တွင် ၉၃၉၉၀၀၊ စက်တင် ဘာ ၂၅ ရက်တွင် ၉၃၇၈၀၀ အထိ ဆက်တိုက် ပြန်လည်ကျဆင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် ၉၄၇၄၀၀ အထိ မြင့်တက်ခဲ့ကာ စက်တင်ဘာ ၂၇ ရက်တွင် ၉၃၆၅၀၀ အထိ  ပြန်လည်ကျဆင်းခဲ့သည်။

စက်တင်ဘာ ၂၇ ရက်အထိ အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၁၃၅၆ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ပြီး အနိမ့်ဆုံးးအဖြစ် စက်တင်ဘာ ၂၇ ရက်တွင် ဒေါ်လာ ၁၂၈၉ အထိ ဖြစ်ပေါ်ခဲ့ ကာကွာဟချက် ၆၈ ဒေါ်လာဝန်းကျင်အထိ ရှိခဲ့သည်။

Most Read

Most Recent